10 [ 3 ] final

19.5K 532 147
                                    

Unicode version

အိမ်ပြန်ရောက်တော့ ၂ယောက်လုံးရေချိုးပြီး နေ့လယ်စာကို အပြင်မှာသွားစားမယ်အလုပ် မိုးတွေ သည်းကြီးမဲကြီး ရွာလာသည်။

"Daddy ကားနဲ့သွားရအောင်လေ.."

"သွားချင်စိတ်တောင်ပျောက်သွားပြီ.."

"ကလေး ဗိုက်ဆာနေလား အဲ့တာဆို သွားကြမယ်.."

"သိပ်တော့မဆာသေးပါဘူး မိုးတိတ်မှ သွားရအောင် လမ်းမှာ ရွံ့တွေ ဘာညာနဲ့ ကားကို ပေကုန်အုံးမယ်.."

"ဟုတ်ပါပြီဗျာ.."

မိုးတိတ်မှ သွားမယ်ဆိုလို့ လုပ်စရာမရှိတာနဲ့ အိပ်ရာပေါ်မှာ လှဲပြီး ဖုန်းသုံးနေလိုက်သည်။

Jungkook ကတော့ ကုတင်ပေါ်မှာထိုင်ပြီး ပြတင်းပေါက်ကို တကြည့်ကြည့်နဲ့ လုပ်နေသည်။

ကြိမ်း!!

[ မိုးကြိုးပစ်တဲ့ အသံပါ မသိမှာစိုးလို့:3 ]

Jungkook က အရမ်းလန့်သွားပြီး Taehyung ရင်ခွင်ထဲဝင်သွားသည်။

"ဘာဖြစ်တာလဲ ကလေး..."

"ကြောက်လို့လား?"

"ဟင့်အင်း kookie မကြောက်ဘူး.."

"ဟုတ်ပါပြီ.."

နောက်တခေါက်မိုးခြိမ်းတော့ Jungkook က လန့်သွားပြီး Taehyung ရဲ့ပေါင်ပေါ်ကို တပ်ထိုင်လိုက်ပြီး မျက်နှာကို သူ့ပုခုံးမှာ အပ်ထားသည်။

"ကလေးရယ် ကြောက်သွားတာလား?"

"ဟင့်အင်း kookie kookie မ မကြောက်ဘူး.."

"စကားတွေတောင် ထစ်နေပြီ.."

"ကြောက်နေတယ်မလား ကိုယ်ရှိတယ် ဘာမှမကြောက်နဲ့ဟုတ်ပြီလား..."

"Nae.."

Daddy က ဖုန်းပဲ သုံးနေပြီး သူ့ကို ဘာမှတောင် မပြောတော့ပေ။

"Daddy~"

"Daddy လို့!"

"ဘာလဲ ကလေး.."

"အဲ့ဖုန်းပဲ ကြည့်မနေနဲ့ ကျွန်တော့်ကိုလည်း ကြည့်ပါအုံး.."

"နေစမ်းအုံး ငါ့ဟာငါ အေးဆေးနေပါရစေ.."

"Daddy~"

"ရှုး! တိတ်တိတ်နေ ကလေး ကိုယ်အေးဆေး သုံးပါရစေအုံး.."

"Daddy!"

🔞Taekook 🔞 [ Complete ]Where stories live. Discover now