Chapter - 2
1.2K 174 8
[ZAWGYI]
နှစ်အနည်းငယ်ကြာပြီးနောက်
အလုပ်များကိုခက်ခဲစွာလုပ်ခဲ့ရပြီးနောက်တွင် လုယီ သည် အရည်အချင်းစစ်ဆေးမှုများကို အောင်မြင်ခဲ့ပြီး မိဘတို့၏ရာထူးဂုဏ်ဖြစ်သော ကြင်နာမှုနတ်ဘုရားအဖြစ် အမွေဆက်ခံခဲ့လေသည်။ ကြင်နာမှုနတ်ဘုရား၏တာဝန်ဝတ္တရားတို့မှာ လူသားတို့အပေါ် နွေးထွေးကြင်နာရန်နှင့် ကံကောင်းခြင်းတို့ကို စောင်မပေးရန်ဖြစ်သည်။
အရည်အချင်းစစ်ဆေးမှုကို အောင်မြင်ခဲ့ကြသော နတ်ဘုရားတို့၏ အမွေဆက်ခံခြင်းကို ကောင်းကင်ဘုံဧကရာဇ်က ဂုဏ်ပြုကျင်းပပေးနေသည့် အခမ်းအနားသို့ လုယီ ရောက်ရှိနေသည်။
ကြီးမားခမ်းနားထည်ဝါလှသည့်နန်းဆောင်ခန်းမထဲတွင် နတ်ဘုရားတို့မှာ မိမိတို့၏အဆင့်အလိုက် တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြလေသည်။
အဆင့် (၁) အထက်တန်းအဆင့်မြင့်နတ်ဘုရားတို့မှာ အရှေ့ဆုံးအတန်းတွင်ထိုင်ကြရပြီး အဆင့် (၁) အလယ်လတ်အဆင့်မြင့်နတ်ဘုရားတို့မှာ အနောက်တွင်ထိုင်ကြရသည်။ ထိုအနောက်မှတဆင့် အဆင့် (၁) အလယ်လတ်သာမန်အဆင့်နတ်ဘုရား၊ အဆင့် (၂) အထက်တန်း၊ အဆင့် (၂) အလယ်တန်းနှင့် အဆင့် (၃) နတ်ဘုရားတို့ ထိုင်ကြရသည်။
မျိုးရိုးအ​မွေဆက်အ​ပေါ်တည်၍ နတ်ဘုရားအမျိုးအစားများကိုခွဲခြားပြီး ​မွေးရာပါဖြစ်​သောအရည်အချင်းအလိုက် အဆင့်များကိုသတ်မှတ်ထားသည်။ နတ်ဘုရားတို့ကို စစ်တမ်းသတ်မှတ်ချက်အရ ၆မျိုးခွဲခြားထားသည်။
အဆင့် (၁)
ငွေ​ရောင်မျက်ဝန်း - အထက်တန်းအဆင့်မြင့်နတ်ဘုရား (နတ်ဘုရားစုစု​ပေါင်း၏ ၁ ရာခိုင်နှုန်းသာရှိသည်)
တောက်ဖြာ​သောအပြာ​ရောင်မျက်ဝန်း - အလယ်လတ်အဆင့်မြင့်နတ်ဘုရား (နတ်ဘုရားစုစု​ပေါင်း၏ ၅ ရာခိုင်နှုန်းသာရှိသည်)
လ​ကျောက်ပြာ​ရောင်မျက်ဝန်း - အလယ်လတ်သာမန်အဆင့်နတ်ဘုရား (နတ်ဘုရားစုစု​ပေါင်း၏ ၁၀ ရာခိုင်နှုန်းသာရှိသည်)
အဆင့် (၂)
မြ​ကျောက်​ရောင်မျက်ဝန်း - အထက်တန်းအဆင့်နတ်ဘုရား (နတ်ဘုရားစုစု​ပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိသည်)