🌸 10 🌸

39 3 0
                                    

Unicode

ကျွန်တော့်ကို ချစ်တယ် ဆိုသော အကို 😳💚💌
🌿🌿🌿🌿🌿🌿🌿🌿❤❤🌿🌿🌿🌿🌿🌿🌿🌿🌿🌿
အခုဆို ကလေးတို့နဲ့ ခင်လာတာ ဘာလိုလိုနဲ့ ၇လတောင်
ကျော်လာပြီပဲ 😊

၇ လ ဆိုတဲ့ အတောအတွင်းမှာ ကလေး ဘက်ကတော့ ဘယ်လိုနေမလဲ မသိပေမယ့် ကျွန်တော်ကတော့ ကလေးအပေါ်မှာ မရိုးသား
တာ အမှန်ပါပဲ
ကလေး စကားပြောရင် ဆူဆူ ထွက်လာတဲ့ ကလေးရဲ့ နှုတ်ခမ်း
လေးတွေ 👄
ဝတ္ထု အကြောင်းကိုတိုင်ပင်ရင် ညီ ပြောပြမယ် ဆိုပြီး ပြောတဲ့ အခါ လေးနက်တဲ့ ကလေးရဲ့ အကြည့်လေးတွေ 👀
ကျွန်တော် အသေးစိတ်ကို မှတ်ထားနေမိတယ်😊

ခင်ဗျားတို့ ယုံလားတော့ မသိဖူး
ရုပ်ရှင်တွေထဲမှာ ကိုယ် ချစ်တဲ့သူက ကိုယ့်ရှေ့ကို လျှောက်လာရင်
အရာရာက Slow Motion နဲ့ ဖြစ်သွားတာမျိုးလေ အဲ့တာက
တကယ်ပါဗျာ ကလေး ကျွန်တော့်ရှေ့ကို ရောက်လာရင်
အဲ့လို ဖြစ်ဖြစ်သွားတယ် 😁😁

ကလေးက တစ်နေ့တခြားကို ချစ်စရာကောင်းလာတာ ဗျ
ခင်ဗျားလေးတို့ကို မြင်စေချင်တယ် ဗျာ ဒါပေမယ့်လည်း
ပြစရာလား ကျွန်တော် ၁ ယောက်ထဲပဲ ကြည့်မှာပေါ့😌😌

ကလေးကို ဒီနေ့တော့ ချစ်ခွင့်ပန်တော့မယ်
ကလေး ပြန်ပေးမယ့် အဖြေတွေ အကုန်ကို ခံယူဖို့ အဆင်သင့်ပဲဆို
ပေမယ့် မုန်းတယ် ဆိုတဲ့ စကားကိုတော့ လက်မခံချင်ဖူး 😅😅

အတွေးတွေ များနေတာ ကလေးရဲ့ ညီလေးကို ph ဆက်ရဦးမယ်
အကို ကို လိုချင်တော့ ညီကို စစ်ကူတောင်းရတာပေါ့

🎶 One Day 🎶

Hello အကို ပြောပါ

ညီရေ ဒီနေ့ အလုပ်အားလားဟင်

ဟုတ် အားပါတယ် ခင်ဗျ

အင်းး အဲ့တာဆိုရင်လေ ညီလေးရယ် ကလေးရယ် Saint Title
တို့ ကိုလေ အကို အိမ်အလည်ခေါ်ချင်လို့

အော် ဟုတ်ကဲ့ ရပါတယ် ဗျ ဘယ်ကို လာခဲ့ရမလဲ

ရတယ် ရတယ် အကို လာခေါ်မယ်လေ ညီလေးတို့ဆီကို

အော် ဟုတ်ကဲ့ ကျွန်တော် အကို Saint တိုိ့ကို Ph ဆက် လိုက်ပါ
မယ်

အင်း ညီလေး ဟိုလေ ကလေးရော ?

ကိုကြီးက ညက စာဖတ်တာ များသွားတာလေ အခုထိ အိပ်နေ
တုန်း အကို ပြောစရာရှိလို့လား

ရင်ဘတ်ထဲကလူနှစ်ယောက်  <  ရင်ဘတ်ထဲကလူနှစ်ယောက်  > 💚💙Where stories live. Discover now