~1~

7.2K 317 26
                                    

Unicode

လေးထောင့်မျက်မှန်အောက်မှ မျက်လုံးများသည် သူ့ကိုအလိုမကျသလိုစူးစိုက်ကြည့်သည်။တစ်အိမ်လုံးကိုချုပ်ကိုင်ကာ ကိုယ့်ဆန္ဒ၊ကိုယ့်အလိုသာပထမ ဟူ၍စိတ်နှလုံးထဲစွဲနေသော ဖခင်ကသေချာပေါက်သူ့တောင်းဆိုမှုကို ချောချောချူချူလိုက်လျောမည်မဟုတ်။

ကိုင်ထားသောဘောပင်နှင့်စာရွက်ကို စားပွဲပေါ်ချရင်း မျက်မှန်ကိုအသာချွတ်သည်။နှစ်‌ယောက်တည်းသာရှိနေသောစာကြည့်ခန်းထဲမှ လေထုသည်အနည်းငယ်လည်းသိပ်သည်းလျက်။

အမြဲတမ်း ဖခင်စီစဥ်သမျှ၊အမိန့်ပေးသမျှအရာရာကိုတသွေမတိမ်းသူလိုက်နာခဲ့ပြီးပြီ။ယခုတော့ စိတ်ဒုန်းဒုန်းချကာဆုံးဖြတ်ထားပြီးသား...။

"ကျွန်တော်တိုက်ခန်းအတွက်လည်း စုံစမ်းပြီးသွားပြီ၊ငွေချေပြီးတာနဲ့ကျွန်တော်အဲ့ကိုပြောင်းမ
လို့စီစဥ်ထားတယ်"

"ငါ့ကိုဘာမှကြိုအသိမပေး မတိုင်ပင်ပဲအဲ့လိုလုပ်ချင်ရာလုပ်ရမယ်လို့ မင်းကိုသင်ပေးထားမိတာလား"

ခပ်မာမာအသံဖြင့်ဆိုလာသောဖခင်ဖြစ်သူသည် မျက်နှာထက်တွင်ဒေါသရိပ်လွှမ်းမနေသော်လည်း နူးညံ့မနေ။တင်းတင်း‌စေ့ထားသောနှုတ်ခမ်းများနှင့်အမူအရာသည်တကယ်ဆိုသူ့အတွက်လည်းစိမ်းသက်နေတဲ့အရာမဟုတ်ပါ။

ငြိမ်းအေးကာဘာတစ်ခွန်းမှအပြစ်မဆိုပဲသည်းခံတတ်သောအမေ့ကိုလည်း နောက်ဆုံးချိန်အထိလိုသလိုစိတ်တိုင်းကျချုပ်ခြယ်ခဲ့ပြီးသွားပြီ။အခုသူ့ကိုပါ အမေ့လိုထပ်ပြီးခြယ်လှယ်ဖို့ငြိမ်ခံမနေတော့ပါ။အရွယ်ရောက်လာသူပီပီ သူသည်လည်းအရင်လိုပျော့ညံ့ညံ့ဖြင့်ခေါင်းငုံ့မနာခံနိုင်တော့။

"ဒီအိမ်မှာနေရတာ မင်းအတွက်မပြည့်စုံတာများရှိလို့လား၊သွားရလာရခက်ခဲတယ်ဆိုရအောင်လည်း ကားအဆင်သင့်ပဲလေ၊မလိုအပ်တာတွေကိုဘာတွေပုံကြီးချဲ့နေတာလဲ"

ထိုးဖောက်အောင်မြင်၍မသိသူပင်မရှိ‌သ‌ လောက်ဖြစ်သည့်Shim ကုမ္ပဏီကြီး၏ အိမ်တွင်မပြည့်စုံသည်ဆိုတာမျိုးမရှိ။နန်းတော်တမျှပင်ခမ်းနားကြီးကျယ်သည့် အိမ်ကြီးမှာအရာရာအဆင်သင့်ရှိပြီးသားပင်။တခြားသူများနှင့်မတူစွာလိုတာထက်ကောင်း ကောင်းမွန်မွန်နေရသည်မို့ကလေးဘဝတုန်းကတော့ သူ့ကိုယ်သူကံအကောင်းဆုံးနှင့်အပျော်ရွှင်ရဆုံးဟုထင်ခဲ့ဖူးသေးသည်။သို့‌သော်ငြားအရွယ်ရောက်လာတာနဲ့အမျှ သိလာရတာကတော့ မိသားစုနွေးထွေးမှုကင်းမဲ့နေတဲ့အခွံသက်သက် ဗလာအိမ်ကြီးသာ။

You Da One //Heejake✓Donde viven las historias. Descúbrelo ahora