"ကျွန်တော်အကို့ကိုချစ်တယ်"
"ငါကတော့မင်းကိုမချစ်ဘူး"
"ကျွန်တော့်ပါးနဲ့မားကိုပြောလိုက်မယ်ကျွန်တော်လက်ထပ်ချင်တာရှောင်းကျန့်ပါ
ရှောင်းကျန့်ရဲ့ညီရှောင်းယွင် မဟုတ်ပါဘူးလို့"ရှောင်းယွင်ဆိုတာကဝမ်ရိပေါ်ကိုအသေချစ်တဲ့ရှောင်းကျန့်ရဲ့အမြွှာညီလေးပေါ့
"မင်းလူပါးမဝနဲ့....ငါ့ညီကမင်းကိုချစ်လွန်းလို့တစ်ပိုင်းတင်မဟုတ်ဘူးတစ်ကိုယ်လုံးသေတော့မယ့်အတိုင်းအရူးလိုဖြစ်နေတာကိုမင်းကငါ့ကိုလက်ထပ်ပြီးငါ့ညီကိုအသေသတ်မလို့လား"
"ကျွန်တော်တို့လက်ထပ်လိုက်လို့သူသေသွားမှာမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်.....အကို့ကိုချစ်တယ်
လက်ထပ်ရအောင်နော်....ကျွန်တော့်ကိုဘဲချစ်ပါ""ငါမင်းကိုမချစ်ဘူး.....ဒီအကြောင်းကိုဆက်ပြောနေမယ်ဆိုငါသွားတော့မယ်မင်းကိုပေးဖို့အတွက်ငါ့မှာအချိန်တွေပေါမနေဘူး"
"ရတယ်...အကိုကသဘောမတူလည်းတစ်ချိန်ကျအကိုကကျွန်တော့်အပိုင်ဘဲ"
"မင်းငါ့ကိုရတဲ့နေ့ငရဲကျတဲ့နေ့လို့သာမှတ်လိုက်
မင်းကြောင့်ငါ့ညီတခုခုဖြစ်ရင်မင်းလည်းမလွယ်ဘူးမှတ်""အကို့ကိုရရင်ပြီးရောလေ
ကျန်တာကဘာအကြောင်းလဲဂရုမစိုက်ပါဘူး"
-----------------------------------------Wang groupရဲ့အမွေဆက်ခံသူကောင်လေးဝမ်ရိပေါ်
Xiao groupရဲ့ပိုင်ရှင်ရှောင်းကျန့်"ဝမ်groupရဲ့ဥက္ကဠလာတယ်"
"ဝင်လာခိုင်းလိုက်"
"ဘာကိစ္စများရှိလို့ပါလိမ့် ဥက္ကဠဝမ်"
"ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး...uncleတို့ဝမ်groupကမင်းတို့ကုမ္မဏီကprojectအသစ်အတွက်
ရှယ်ယာတွေအများကြီးမြုပ်နှံထားတဲ့ကုမ္မဏီနော်
Uncleသားနဲ့လက်ထပ်ပါ...မဟုတ်ရင်မင်းတို့ကုမ္မဏီမှာမြုပ်နှံထားတဲ့ရှယ်ယာတွေအကုန်ပြန်ထုတ်ပါ့မယ်""Uncleလူမှားနေပြီထင်တယ်....uncleသားကကျွန်တော့်ညီနဲ့လက်ထပ်ရမှာကျွန်တော်နဲ့မဟုတ်ဘူး
ဒါကိုuncleတို့လည်းသိတယ်မလား
ရှယ်ယာတွေထုတ်ချင်ထုတ်သွားပါ ကျွန်တော်ကတော့uncleသားနဲ့လက်မထပ်နိုင်ဘူး"