"မင်းသတိရပြီလား"
"ဒါကဘယ်နေရာလဲ...ဘာလို့ခန္ဓာကိုယ်ကြီးကမြင့်နေတယ်လို့ခံစားရတာလဲ"
"ငါ့ကုတင်ပေါ်ရောက်နေတာ
နေမကောင်းတဲ့သူကိုကြမ်းပြင်ပေါ်မှာအိပ်ခိုင်းရလောက်တဲ့အထိတော့ငါအကြင်နာတရားမကင်းမဲ့သေးဘူး""အင်္ကျီတွေကို...အကိုကလဲပေးထားတာလား
ဒါဆိုဒဏ်ရောတွေ""မပြောနဲ့ငါသိတယ်...မင်းအစာတစ်ခုခုစားလိုက်ဦး
ဆရာဝန်ပေးတဲ့ဆေးတွေသောက်ရအောင်"ညနေကဝယ်လာတဲ့စွပ်ပြုတ်လေးကည8နာရီကျော်ထိပူနေတုန်း
သေချာတာပေါ့ရှောင်းကျန့်ကပြန်နွေးပေးထားတာလေ"ဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ်
အကိုသိလား...အခုတောင်နေပြန်ကောင်းလာသလိုဘဲ""စကားမများနဲ့...မနက်ဖြန်ကစပြီးမင်းမီးဖိုချောင်ဝင်စရာမလိုတော့ဘူး...အိမ်ဖော်အသစ်ရောက်လာလိမ့်မယ်"
"ဟုတ်ကဲ့"
ဆေးသောက်ပြီးခဏတဖြုတ်နေပြီးလူမမာကောင်လေးကတော့ပြန်အိပ်သွားတယ်
ကျန်တဲ့တစ်ယောက်ကတော့စာရင်းဇယားတွေနဲ့အလုပ်ရှုပ်နေတယ်ည11နာရီကျော်လောက်ကျတော့
"ဟင့်...အင့်...အားယွင်...ငါ့ကိုအနိုင်မကျင့်ပါနဲ့
ငါကြောက်တယ်....မင်းကအကိုနဲ့မတူဘူး"ရှောင်းကျန့်ကုတင်ပေါ်ကကောင်လေးဘေးနားသွားကာ
"ဟေး...မင်းသတိထားပါဦး
ဘာတွေယောင်နေတာလဲ...သူအဖျားတွေတက်နေတာဘဲ""အေးတယ်...ဘာလို့ဒီလောက်အေးရတာလဲ..ငါ့ကိုဖက်ထားပါ"
အဖျားတွေတက်ပြီးငြီးငြူနေတဲ့ကောင်လေးကသူ့ကိုအင်္ကျီလက်ကကိုင်ကာကုတင်ပေါ်ကိုဆွဲချလိုက်သည်
"ကောင်းပြီ...ကောင်းပြီ...မင်းဘေးမှာငါရှိတယ်နော်
အိပ်အိပ်...အကိုကမင်းကိုဖက်ထားပေးမယ်"ရင်ခွင်ထဲကိုအတင်းတိုးဝင်လာတဲ့ကောင်လေးကိုရှောင်းကျန့်ပြန်ဖက်ထားပြီးခေါင်းလေးကိုပုတ်ပေးလိုက်တော့ကောင်လေးကအနည်းငယ်ငြိမ်သွားပြီးအသက်ရှူသံလေးမှန်လာသည်
ကောင်လေးငြိမ်သွားတော့မှသူလည်းအလုပ်တွေလက်စသတ်လိုက်တယ်