Unicode
ရှောင်းကျန့် ဖုန်းကိုင်ရင်း ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် ဂဏာမငြိမ်ဖြစ်နေသည်။ ဒီနေ့ည အိမ်မှာ သူတစ်ယောက်တည်း ပါးနဲ့မားက မင်္ဂလာနှစ်ပတ်လည်နေ့မို့ ရှောင်းကျန့် five-star hotel တစ်ခုမှာ နှစ်ရက်စာ ငှားပေးထားသည်။ ဂုဏ်ပြုပွဲပြီးကတည်းက ရိပေါ်နဲ့မတွေ့ရသေးတာ နှစ်ရက်နဲ့ ခြောက်နာရီရှိနေပြီမို့ ရိပေါ်ကို မတရားတွေ့ချင်နေသည်။ မန်နေဂျာလုံကောကို ဖုန်းဆက်မေးကြည့်ထားတော့ ဒီည ရိပေါ်ရဲ့ ရိုက်ကူးရေးက ဆယ့်နှစ်နာရီမှ ပြီးမည်ဆိုတာ သိပြီးသားဖြစ်သည်။ နာရီကိုလှမ်းကြည့်သည့်အခါ နာရီလက်တံက ဆယ့်နှစ်ကို ထိုးလုလု။
"အဲ့လိုဆို တအားလွယ်သလို ဖြစ်နေမလား"
ရှောင်းကျန့် type message box ကရေးလက်စစာများကို ပြန်ဖျက်လိုက်သည်။
"ဒါကြီးကလဲ နဲနဲ မာလွန်းနေပြီ"
သဘောမကျပြန်တော့ ထပ်ဖျက်ပြီး ထပ်ရေးပြန်သည်။
"မဟုတ်သေးဘူး ဒါကြီးက မယားငယ်အသံပေါက်နေပြီ...အား...."
ဤသို့ဖြင့်ရှောင်းကျန့်ခမျာ message တစ်စောင်ပို့ဖို့အရေး ဖျက်လိုက်ရေးလိုက်နှင့် ချွေးပြန်နေရှာသည်။
_________________
_________________ဝမ်ရိပေါ် ရိုက်ကွင်းပြီးလို့ အိမ်ပြန်နေတုန်း message တစ်စောင်ဝင်လာတာနှင့် ဖွင့်ကြည့်လိုက်သည်။ ရှောင်းကျန့်အတွက် သီးသန့် ringtone ထားထားတာမို့ အသံကြားတာနဲ့ မျက်နှာလေးပြုံးသွားသည်။
Message ကိုဖွင့်ကြည့်လိုက်ပြီးတော့ မျက်လုံးပြူးပြီး ရုတ်တရက်ကြီးထအော်ကာ
"လုံကော.....အိမ်မပြန်တော့ဘူး...****ကွန်ဒိုကိုမောင်း"
"ဟမ်......အေးအေး"
ပြန်မပိတ်ရသေးသည့် ဖုန်းထဲတွင်နောက်ဆုံးပို့ထားသည့် message လေးတစ်စောင်ကိုမြင်နေရဆဲ။
"ဒီညအိမ်မှာ ကိုကိုတစ်ယောက်တည်း မင်းပျင်းရင် အတူတူသောက်ဖို့ လာခဲ့မလား"
_________________
_________________တံခါးပွင့်သွားသံနှင့်အတူ ဘီယာဘူးတွေ နေရာချနေသည့် ရှောင်းကျန့်ကိုယ်လေး ဇတ်ကနဲ တုန်သွားသည်။
YOU ARE READING
My Hero Frontliner (Completed)
FanfictionTo capture the precious moment of Our Wang Yi Bo's Volunteering Work in Zhengzhou, Henan.