⟨ Unicode Version ⟩
How To Raise Kookies" ဒီလောက်ဆို မနိုးလောက်တော့ဘူးထင်တယ် ဆော့ဂျင် "
ဦးလေးကြီးရဲ့မိန်းမ, အမျိုးသမီးအလုပ်သမားခေါင်းဆောင်က ပြောလေတော့ သူခေါင်းညိတ်လိုက်သည်။
" တော်ပါသေးတယ် တစ်နေကုန်အောက်ချလို့တောင်မရဘဲ ငိုနေတာ နို့ဘူးလည်းမယူဘူး "
ပင်ပန်းနွမ်းနယ်စွာ ပြောမိတော့ ထိုအဒေါ်ကြီးက သူ့ကိုပြုံးစိစိနဲ့ကြည့်သည်။
အေးလေ ၁၈နှစ်ပဲရှိသေးတဲ့သူက ဒီတစ်နေ့လုံး ဂိမ်းတောင် မဆော့ရပါဘဲ ကလေးနှစ်ကောင်နဲ့ ဗျာများနေခဲ့ရသည်ကိုး ....
" ကလေးတွေက သားကိုချစ်လို့ဖြစ်ပါလိမ့်မယ် ... အန်တီတို့မရှိရင် သားနဲ့ ဒီကလေးတွေပဲ ကျန်နေခဲ့တော့မှာ "
အခန်းဝထိထွက်ရင်း ပြောလာတဲ့အဒေါ်ကြီးရဲ့စကားကြောင့် သူ မျက်လုံးပြူးသွားသည်။
" ဟင် အန်တီတို့က ဘယ်သွားကြဖို့လဲ "
" စက်ရုံတွေကုန်ကြမ်းပြန်ဝင်ပြီလေ အာဂျေဂျောင်းရဲ့ ဆောင်းရာသီထုတ်အတွက် စက်ရုံကတန်းလျားမှာ နေရတော့မယ် အိမ်ကြီးမှာ အတူတူရှိပေးလို့မရတော့ဘူး ဦးလေးကြီးပဲ ကျန်ခဲ့မှာ ဆော့ဂျင် "
အလုပ်သမားမိသားစုတွေနဲ့ ပျော်ပျော်ပါးပါးခင်မင်တတ်တဲ့သူ့အတွက် ထိုစကားဟာ ဝမ်းနည်းစရာပင်။
" မတတ်နိုင်ဘူးလေ ဒီကလေးတွေနဲ့ နေသားကျအောင် နေရမှာပဲ "
သူပြန်ပြောရင်း အဒေါ်ကြီးကို အောက်ထပ်ထိလိုက်ပို့လိုက်သည်။ အဲ့ဒီ့နောက် တစ်နေကုန်မကစားရသေးတဲ့ဂိမ်းကို ဖွင့်လိုက်မိသည်။ အေးဆေးသက်တောင့်သက်သာ ကုတင်ပေါ်မှီရင်း ဂိမ်းထဲအဝင် ~~~
" ( ဒေါက် ... ဒေါက် ... ဒေါက် ... ) "
အခန်းတံခါးခေါက်သံကြောင့် သူ သက်ပြင်းချကာ ဖုန်းကိုကိုင်ပြီးဆွဲဖွင့်မိသည်။ မြင်လိုက်ရတာက အမြွှာနှစ်ကောင်နဲ့ စောင့်အိပ်ဖို့အတွက် တာဝန်ကျတဲ့ အလုပ်သမလေး။
YOU ARE READING
How To Raise Kookies
Fanfiction" ကင်ဆော့ဂျင်ကို အပိုင်သိမ်းမယ် " [ JungJinist များ ကြည်နူးစေရန်အလို့ငှာ ]