အာဒံအတွက် အိပ်ရာလေးခင်းပေးကာ
သူလည်းအိပ်ဖို့ ပြင်ဆင်လိုက်တော့တယ်။အာဒံက ကလေးတစ်ယောက်လိုပဲ အိပ်ရင်
ကွေးကွေးလေး........။ရိုမီ မအိပ်ခင် စာအုပ်ဖတ်နေလိုက်တယ်။
မအိပ်ခင် စာအုပ်ဖတ်တတ်တာ က
သူ့အကျင့်တခုလိုပဲ။သူစာအုပ်ဖတ်နေရင်း အသံသေးသေးလေး ကြား
လိုက်တာကြောင့် ထကြည့်လိုက်တော့
အိပ်ရင်း ငိုနေတဲ့ အာဒံ...........။”အိပ်ချိန်မှာတော့ ပင်ပန်းစရာတွေ မခံစားပဲ
အိပ်သင့်တာ မင်း အရမ်းပင်ပန်းနေပြီ ”ရိုမီ တိတ်တဆိတ် ရေရွတ်ပြီးတော့
သူလည်း စာအုပ်ပိတ်ကာ အိပ်လိုက်တော့တယ်။မနက်ကျရင် သူ စခန်းကို သွားရအုန်းမှာမလား။
ရိုမီ အိပ်နေရင်း မနက်မိုးလင်းတော့
မနက်ခင်းအလင်းရောင်က ရိုမီ မျက်လုံးပေါ်
ကျရောက်လာတော့တယ်။ရိုမီ မျက်လုံးဖွင့်ကြည့်လိုက်တော့
အာဒံတစ်ယောက်မရှိတော့ဘူး။အဲ့တာကြောင့် ရိုမီလည်း ထကာ အာဒံ ကိုလိုက်ရှာ
လိုက်တော့ မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့
အာဒံ......။”မင်း ဘာလုပ်နေတာလဲ အာဒံ ”
သူ့အသံကြားတော့ တုန်တက်သွားတဲ့ ကျောပြင်
သေးသေးလေး.....။”တောင်းပန်ပါတယ် ကျွန်တော် ခွင့်မတောင်းမိတာ
ခွင့်တောင်းရင် အကိုနိုးသွားမှာဆိုးလို့ ”ခေါင်းလေးငုံ့ကာ တောင်းပန်နေတဲ့ အာဒံ။
”ငါ မင်းကို တောင်းပန်ခိုင်းနေတာမဟုတ်ဘူး
အာဒံ မင်းအိပ်ရေး ဝဝ မအိပ်လို့ ပြောနေတာ ””တောင်းပန်ပါတယ် ”
ပြောရင်းငိုလာတဲ့ ကောင်လေး.........။
မျက်ရည်လွယ်လိုက်တာ ကောင်လေးရယ်။”ငါဆူတာမဟုတ်ဘူး နော် မင်းနေမကောင်း
ဖြစ်မှာဆိုးလို့ ပြောတာ သိပြီလား ”စစ်သားဆိုတော့ အမြဲတမ်းမာနေတဲ့လေသံကို
ထိန်းကာပြောလိုက်တော့မှ ခေါင်းတဆက်ဆက်
ငြိမ့်ပြတယ်။
YOU ARE READING
Love Story In War 2
Fantasyဒုတိယကမ္ဘာစစ် အတွင်း ဂျာမာန်ဗိုလ်ကြီးနဲ့ ဂျူးအကျဥ်းသား လေးတို့ ရဲ့ ပုံပြင်.......။