Part - 10 (Unicode)

2.2K 46 0
                                    

မာန်ပြည့်စုံက ရှေ့မှ ကော်ဖီခွက်ကို ယူကာ သောက်လိုက်ပြီး ဆိုင်အဝင်ဝကို အမှတ်မထင်ကြည့်တော့ သူဘဝမွာ နောက်တစ်ကြိမ်မတွေ့ချင်သောသူအားေတွ့လိုက်ရသည်....။

သူမကတော့ သူရဲ့ အချစ်ဦး 'ထိပ်ထားသခင်' ပင်ဖြစ်သည်...။ သူ် ဆိုင်ထဲဝင်လာပြီး ကျွန်တော့ ဝိုင်းရှေ့မှာရပ်ကာ....

"မောင် မတွေ့ရတာတောင် ကြာပြီနော်.... မောင်နဲ့ထားက ဖူးစာ ပါတယ်ထင်တယ်နော်..."

"အဟက်.... အဲဒီဖူးစာ ဆိုတဲ့အရာကိုမင်းလုပ်ယူနေတာ မဟုဘူး ...." ထိုသို့ပြောလိုက်တော့ သူမ မျက်နှာ တစ်ချက်  ပျက်သွားသည်...။

"မောင်ကလဲ ဘာတွေပြောနေတာလဲ... ထားလဲဘာမွမသိရပါလား..."

"မသိဘူးဟုတ်လား .... ဒါမယ့် ကိုယ်ကတော့ သိတယ်.... ကိုယ်အိမ်ထဲထွက်လာကတည်းက မင်းကိုယ့်ကား နောက်ကိုလိုက်လာတယ်ဆိုတာ.... "

"သိပြီ ဆိုတော့ မငြင်းတော့ပါဘူး ပြီးတော့ မောင့်ကို မောင့်ကို ပြောစရာရှိလို့..."

"ဘာပြောမှာလဲ... ပြီးတော့ မောင်လို့မခေါ်နဲ့ နားခါးလို့ ..."

"အေးအေးဆေးဆေး ပြောလို့ရအောင် တစ်နေရာရာ ကို သွားမယ်လေ သူစိမ်းရှေ့ဆိုတော့ ပြောရတာ အဆင်မပြေဘူး..."

"သြားစရာ မလိုပါဘူး... ဒီမှာတင်ပြောပါ သူက သူစိမ်းမဟုဘူး ငါ့အတွက် အရေးကြီးဆုံးလူပဲ..."

"ဒီမွာပဲ ပြောဆိုတော့လဲ ပြောရတော့ပေါ့... ထားအရင်က မောင်... အဲ .. မာန့်ကို ပြောမိတာတွေအတွက် တောင်းပန်ပါတယ်.... ပြီးတော့ မာန်လဲ ထားကိုချစ်သေးတယ်မလား... ဒါကြောင့် ထားတို့ ပြန်တွဲရအောင်..."

"ဘယ်လို ပြန်တွဲရအောင်... ဟုလား အရင် ဘာမှနားမလည်သေးတဲ့ကိုယ့်ကို အဲလိုပြောရင် လက်ခံမိမွာဆိုပေမယ့် ခုကတော့ မင်းထက် ချစ်ရမဲ့သူရှိသွားပြီ... ပြီးတော့ ငါက ထွေးပြီးသား ပီိကေ ကို ပြန်မဝါးတတ်ဘူး...."

မာန်ပြည့်စုံလဲ အဲလိုပြောလိုက်တော့ ထိပ်ထားသခင် မျက်နှာကြီးမဲတက်လာပြီး မျက်မှောင်ကံျူ့ကာ

"ဘာ... နင် ... နင် မှတ်ထား... ငါ့ကို အဲလိုပြောတဲ့ အတွက် နောင်တရစေရမယ်..."
ဟုပြောကာ ဆိုင်ထဲမွ ထွက်သြားလေသည်...။

 ♥ KoKo ရဲ႕ Baby ♥ [Completed]Where stories live. Discover now