Part 1 Unicode

13.5K 503 31
                                    

                               အပိုင်း(၁)

  လမ်းမပေါ်တွင် နေလင်းဆက် တစ်ယောက်
ဦးတည်ရာမဲ့ လျှောက်သွားနေမိသည်။

   ဤလမ်းထဲတွင် ညနေစောင်းဆို ကား အတော်လေး ရှင်း၏။ထို့ကြောင့် သူ့ကို ကားဝင်တိုးသွားမှာလည်း ပူစရာ မလိုပေ။လမ်းလျှောက်နေရင်း ဗိုက်ထဲမှ တဂွီဂွီဖြင့် အချက်ပေးနေသံကြောင့် သူဗိုက်ဆာနေကြောင်း သတိပြုမိသွားလေသည်။

     အသိစိတ်ထဲတွင် မိမိသည် ငမွဲတစ်ယောက် ဖြစ်နေပြီ ဖြစ်ကြောင်း သိနေသော်လည်း လက်ကတော့ အကျင့်ပါစွာ အပေါ်ဝတ် အင်္ကျီအိတ်ကပ်ထဲသို့ နှိုက်လိုက်မိလေ၏။လက်ထဲတွင် ပါလာသည်က ဆေးလိပ် အကျိုး တစ်လိပ်နှင့် gas ကုန်ခါနီး ဖြစ်နေသော မီးခြစ် တစ်လုံးသာ ဖြစ်နေလေသည်။

   ပိုက်ဆံဟူ၍ တစ်ပြား၊တစ်ချပ်ပင် ရှိမနေပေ။

   ထို့နောက် ခြေထောက်တွေအား မကြာခင်မှာ ရက်ကုန်တော့မည် ဖြစ်သော သူ ငှားထားသည့် အိမ်သို့သာ ဦးတည်လိုက်လေ၏။

.....

   အိမ်ထဲတွင် မှိုစွဲနေသော အနံ့ကြီးသည် အတော်လေး ပြင်းနေပြီး ရှုပ်ပွနေသော ပစ္စည်း၊ပစ္စယာများကြောင့် အသက် ရှင်ချင်စိတ်ပင် ပျောက်သွားလေသည်။သို့ပေမဲ့ သူ့တွင် ထိုအရာများအား ရှင်းလင်းချင်စိတ် တစိုးတစိမျှပင် ရှိမနေပေ။

   မကြာခင်တွင် သူသည် အိမ်ပေါ်မှ ဆင်းပေးရတော့မည် ဖြစ်သောကြောင့်လည်း ပါ‌ပေသည်။

  ထို့ပြင် သူ့တွင် ဆွေမျိုးသားချင်း မရှိလေသောကြောင့် မှီခိုစရာလည်း မရှိပေ။

   သူသည် လမ်းပေါ်  ရောက်တော့မည် ဖြစ်၏။

   ထို့နောက် မည်သည့် အကြောင်းအရာမျှ တွေးမနေတော့ဘဲ ဆာနေတဲ့ ဗိုက်ကိုသာ အရင် ဖြည့်ဖို့ရန်အတွက် ရေခဲသေတ္တာကို ဖွင့်လိုက်လေသည်။သို့သော် ရေခဲသေတ္တာထဲ၌ ရေခဲတုံး အနည်းငယ်မှ လွဲရင် မည်သည့် စားစရာမျှ ရှိမနေပေ။

   ထို့နောက် သူသည် ရေခဲတုံး အနည်းငယ်ကို ပန်းကန်လုံးထဲ ထည့်ကာ ဆားအနည်းငယ်ပါ ရော၍ ထည့်လိုက်ပြီး ထိုင်၍ စားနေလိုက်လေသည်။

ကျွန်တော့် သူဌေးက ကျွန်တော့်ကို ကြိုက်နေတာတဲ့ (Completed)Where stories live. Discover now