Part 7 Unicode

3.1K 280 6
                                    

ဧကရာဇ်မာန် ရုံးက ပါလာတဲ့ မပြီးပြတ်သေး
စာရင်း တစ်ချို့ကို စစ်နေလေသည်။အလုပ်တွေ အားလုံး ပြီးတဲ့နောက် အိမ်ထဲတွင်
နေလင်းဆက်ကို ရှာမတွေ့တော့ပေ။

"နတ်ဘုရားဆက်က ဘယ်တွေများ လျှောက်သွားနေတာလဲ မဟုတ်မှ..."

ဧကရာဇ် ဇောချွေးတို့ ပြန်သွားရလေသည်။

"ငါ ဒီလောက် ပြည့်စုံအောင် ထားပေးတာတောင် သင်းက သတ်သေချင်နေသေးတာ များလား"

ဧကရာဇ် အပြင်ထွက်ကာ ရှာဖို့ လုပ်နေစဥ်
နေလင်းဆက်က အိမ်ထဲသို့ ပြန်ဝင်လာလေသည်။ရိုးရိုးတန်းတန်း ဝင်လာတာတောင် မဟုတ်ဘဲ လေတောင် ချွန်နေလိုက်သေးသည်။ဧကရာဇ်ကို မြင်တဲ့ အခါ

"သူဌေးဧ မင်း အပြင်သွား မလို့လား"

ဧကရာဇ်က သူ့အမေးကို ဂရုတောင် မစိုက်ဘဲ
အေးစက်သော လေသံကြီးနှင့် တစ်လုံး ချင်း ပြောလာလေသည်။

"ခင်ဗျား ဘယ် သွား နေ တာ လဲ"

နေလင်းဆက်က ပြုံးစိစိနှင့် လက်ထဲက ဆေးလိပ်ဘူးကို ခါရမ်းပြကာ

"ငါ အပြင်မှာ ဆေးလိပ် သွားသောက်တာပါ
ပြီးတော့..."

နေလင်းဆက်က စကားကို ခဏလောက်
ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလေသည်။

"လမ်းထဲမှာ အလုပ် တစ်ခုခု ရှိမလားလို့ လျှောက်ကြည့်နေတာ"

ဧကရာဇ် ဒေါသတို့က အမြင့်ဆုံး အမှတ်သို့ ရောက်ရှိသွားလေတော့သည်။ထို့နောက် အေးစက်စက် အမူအယာနှင့် ပြောလာလေသည်။

"ခင်ဗျားကို ဒီလောက် ပြည့်စုံအောင် ထားပေးနေတာကို ဘာတွေများ လိုအပ်နေသေးလို့ အလုပ် လုပ်ချင်ရတာလဲ ခင်ဗျားနဲ့
သင့်တော်တဲ့ အလုပ် ဘာတွေများ ရှိနေလို့လဲ
ခင်ဗျားကို ဘယ်သူတွေက အလုပ်ခေါ်ခိုင်းမှာ
မို့လို့လဲ"

ဧကရာဇ်က မေးခွန်းတွေ တန်းစီကာ မေးပြီးတဲ့နောက် မျက်နှာလွှဲကာ အံကို တင်းတင်းကြိတ်ထားလေသည်။
တကယ်က သူ နေလင်းဆက်ကို အတော်လေး စိတ်ပူလို့ အခုလို ပြောနေခြင်း ဖြစ်လေသည်။
သို့သော် နေလင်းဆက်က သူ လုံးဝ မထင်လောက်တဲ့ ကိစ္စကို ပြုမူခဲ့လေသည်။
နေလင်းဆက်က ဧကရာဇ်ရဲ့ လက်ကောက်ဝတ်ကို လက်နှစ်ဖက်နှင့် လှမ်းကိုင်လိုက်လေသည်။ထို့နောက် အပေါ်နှုတ်ခမ်းကို အောက်နှုတ်ခမ်းနှင့် ခပ်ဖွဖွ ဖိကိုက်ကာ နှာခေါင်း တရှုံ့ရှုံ့တောင် လုပ်ပြနေလိုက်သေးသည်။

ကျွန်တော့် သူဌေးက ကျွန်တော့်ကို ကြိုက်နေတာတဲ့ (Completed)Donde viven las historias. Descúbrelo ahora