𝐙𝐚𝐰𝐠𝐲𝐢!!!!!!
တီ! တီ!
မနက်ခင်း နှိုးစက်က အချိန်မှန်စွာ မြည်လာသည်။ စောင်တွေကြား နဲ့ လုံးထွေးနေတဲ့ ပုစွန်ထုပ် လေးပမာ ကွေးကွေးလေး အိပ်နေတဲ့ ဘတ်ခ်ဟျွန်း တလှုပ်လှုပ် နှိုးလာသည်။ မျက်လုံး အရင်မဖွင့်ဘဲ ဘေးနားက စားပွဲပေါ်တင်ထားတဲ့ နှိုးစက်သံ တတီတီ မြည်နေတဲ့ နာရီကို လက်သေးသေးသွယ်သွယ်နဲ့ စမ်း ကာ ပိတ်လိုက်သည်။
အသံ ပိတ်ပြီး စောင်ကြားထဲ ပြန်ဝင်သွားတဲ့ သေးသေးလေးရယ်ပါ။ ပြီးမှ တစ်ခုခု ကို သတိတရ ဖြစ်လာပုံပင်။ ဆက်ခနဲ ထထိုင်ကာ ညကတည်းက အားသွင်းထားတဲ့ ဖုန်းကို ယူကာ message box ထဲဝင်ကြည့်လိုက်တော့ စာမေးပွဲ ဖြေရတဲ့ ရက်ပိုင်း မနက်ခင်းဆို အမြဲ ပို့တတ်တဲ့ message လေးတစ်ခုကို ပို့လာသည်မှာ ယခု နောက်ဆုံးနေ့ အထိပင်။ ပေးပို့သူရဲ့ contact name လေးက ချန်းယောလ် တဲ့..💌 မောနင်း ပူတင်းလေး ဒီနေ့လဲ စာမေးပွဲကို ကောင်းကောင်းဖြေခဲ့နော် ပြီးရင် တူတူ လည်ကြမယ်
ချန်းယောလ် ကို စကားပြောဖို့ အရင်လို မကြောက်တော့ပေမယ့် အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးမျိုးတော့မဟုတ်ပေ။ သူ့ကိုသာ နူးနူးညံ့ညံ့ ဆက်ဆံပြီး တစ်ခြားသူဆို ရှိတယ်လို့တောင် မထင်တဲ့ချန်းယောလ် ကို ဘတ်ခ်ဟျွန်းတစ်ကယ်ကြောက်ပါသည်။ ညတိုင်း ညတိုင်း ဖုန်းဆက် လာသော သူ့ကို မဆက်ပါနဲ့ဟု ပြောလည်းမရ ။ ခုတောင် စာမေးပွဲတွင်းမို့ morning message လေးသာ ပို့ပေးသည်။ ကိုယ်ကတော့ပြန်မပို့ပေ။ ဖုန်းကိုဘေးနားချပြီး ကျောင်းသွားဖို့ ပြင်ဆင်တော့သည်။
အားလုံးပြင်ဆင်ပြီး မနက်စာစားနေစဉ်ရှေ့တံခါး ဘဲလ် တီးသံကြောင့် ထဖွင့်ပေးလိုက်သောအခါ ပတ်ခ်ချန်းယောလ် ၊ဆယ်ဟွန်း နဲ့ ဂျုံအင်တို့သုံးယောက် အိမ်ထဲဝင်လာကြသည်။
အကိုညက အိမ်ပြန်မအိပ်တာ တော်သေးသည်။ ပတ်ခ်ချန်းယောလ် ကိုသာတွေ့သွားရင် ထသတ်ကြ မလားမသိ။"အန်တီ ဘတ်ခ်ဟျွန်းကို သူဒီနေ့ စားမေးပွဲဖြေပြရင် လည်ကြမလို့ အဲ့တာခေါ်သွားလို့ရလားဟင်"
ဆယ်ဟွန်းက အဒေါ်ကို လည်မယ့်အကြောင်းပြောလိုက်တော့ အံ့ဩမိသည်။ သူဘာမှ မငသိဘူးလေ ကြိုလဲ မပြောထားဘဲ ။
ဆယ်ဟွန်းကို မျက်လုံးပြူး ပြကတော့ သူက ကိုယ့်ဘေးမှာ ရှိတဲ့ ပတ်ခ်ချန်းယောလ် ကို တသ်ဖန်မေးငေါ့ပြသည်။ သူ့ကို ကြည့်ပြန်တော့ ဘာမှ မသိသလို အပြုံး လေး ပြုံးပြသည်။
YOU ARE READING
Unequal Love
Fanfictionရန် သူရဲ့ ညီကိုမှ တမ်းတမ်းစွဲ အသည်းနှစ်အောင် ချစ်မိသွားတဲ့ ပတ်ခ်ချန်းယောလ်.... ပတ်ခ်ချန်းယောလ်ရဲ့ အချစ်က သူ့အတွက်တော့ ကြောက်စရာ ကောင်းတဲ့အရာဟု မှတ်ယူထားသော ဗြောင်ဘတ်ခ်ဟျွန်း....