ဒီနေ့ကမာမီဆုံးတာနှစ်ပတ်လည်နေ့ ယံုကျယ်အရမ်းဝမ်းနည်းနေသလိူငိုလည်းငိုချင်၏ သူ့ဘဝမှာစစ်မှန်တဲ့အပေါင်းသင်းမရှိ ငွေကြောင့်ပေါင်းသင်းသူများသာရှိ၏
စိတ်ရင်းမှန်နှင့်ပေါင်းသင်းသူဟာဆယ်ယောက်တယောက်သာရှိ၏ မာမီစိုက်ထားခဲ့တဲ့အနောက်ဘက်မှပန်းခြံထဲထိုင်ကာငေးမောနေလိုက်၏
"မာမီ ပန်းလေးတွေကလှတယ်သိလား ဒါပေမဲ့မာမီကိုမမှီဘူး မာမီကကမ္ဘာပေါ်မှာအလှဆုံးပြီးတော့အနွေးထွေးဆုံးပဲ သားလေ သားအပေါ်နွေးထွေးနိုင်မယ်ထင်တဲ့လူတယောက်ကိုတွေ့ခဲ့တယ် ဒါပေမဲ့ မာမီသိလား သူကနွေးထွေးမှုမရနိုင်တဲ့အပြင်သားရဲ့စည်းစိမ်ကိူမက်ပြီးဒယ်ဒီနဲ့လက်ထပ်ခဲ့တယ် သားဘဝမှာဘာကိုမှမမျှော်လင့်ချင်တော့ဘူး သားလေ သူ့ကိုအရမ်းမုန်းတယ်ပြီးတော့ရွံလည်းရွံတယ်"
မိုးမင်းကြီးကသူ့ကိုချော့နေဟန် မိုးစက်လေးတွေကိုမိုးနှင့်အတူရွာသွန်းပေးလာ၏
အေးစိမ့်လာတဲ့ခန္ဓာကိုယ်ကိုယ်လျစ်လျူရှုကာပေထိုင်နေတဲ့အချိန်မှာမိမိအပေါ်ခြုံလာသောအကျီတထည် လှည့်ကြည့်လိုက်တော့ရှင်းစီ
"မထိနဲ့ ထွက်သွား ရွံဖို့ကောင်းလိုက်တာ"
"""""အပြင်မှာမိုးတွေရွာနေတယ်"'''''
လက်ဟန်ခြေဟန်တကားကားနှင်ဘာတွေပြောနေမှန်းမသိ '
"ထွက်သွားလို့ပြောနေတယ် သွား"
ယုံကျယ်ဒေါသတိူ့ဖြင့်ထိုလူသားကိုတွန်းချပစ်တော့ဘေးဘက်သို့ပစ်စလက်ခတ်ကျသွား၏
ဒါကိုထူလူသားကခေါင်းမာစွာသူ့ကိုလာဖက်နေပြန်၏ အတင်းတွန်းလွှတ်တော့လည်းမရ သနားစရာမျက်ဝန်းလဲ့လဲ့တွေနဲ့ကြည့်လာတော့မတွန်းတော့ပဲရပ်လိုက်၏ ကျောပြင်ပေါ်သိူ့ရောက်လာသောခပ်ဖွဖွပူတ်ပေးလာသည့်လက်တစုံကြောင့် ရင်ထဲတင်းကျပ်နေသမျှအော်ငိုပစ်၏
"ခများကိုမုန်းတယ်သိလား အရမ်းမုန်းတယ် ဒယ်ဒီကိုငွေမက်ပြီးယူထားတဲ့ခများကိုရွံတယ်"
ငါငွေမမက်ရပါဘူးယုံကျယ်ရယ်
ဟုသာစိတ်ထဲပြောနေလိုက်၏
YOU ARE READING
နောင်တ၏အလွန်
Fanfictionကျွန်တော်ဆိုတဲ့ကောင်ကသီးခြားဆန်တဲ့ကောင် လူတယောက်ရဲ့အပြုံးကိုမထင်မှတ်ပဲြမင်လိုက်ရတဲ့အချိန်မှာသူ့ကိူပိုင်ဆိုင်ချင်လာတယ် ဒါပေမဲ့ ဒါပေမဲ့ သူကလေ ကျွန်တော့ရဲ့ပထွေးတဲ့ ဟားဟား လောကကြီးကရယ်စရာမကောင်းဘူးလား