ဒီနေ့ အရင်ရက်တွေနဲ့မတူ တစ်ခုခုလိုနေသလို။ ဘာတစ်ခုလဲမပြောတတ်ပေမယ့်တစ်ခုခုအကြီးကြီးကတော့တစ်ကယ်လိုနေသည်။ ငယ်ငယ်တုန်းက ကျောင်းသွားခါနီး မေမေက အာဘွားမပေးခဲ့လို့ကျောင်းရောက်မှ သတိရကာငိုယိုပြီး ဖုန်းလှမ်းဆက်ခိုင်းခဲ့တုန်းက သူခံစားခဲ့ရတဲ့လစ်ဟာမှုမျိုး။ အဲ့အချိန်ကိုသူမှတ်မိပါသေးတယ်။ အတန်းဆရာမက မေမေ့ကိုဖုန်းလှမ်းဆက်တော့သူက ပိုလို့တောင်အသံကိုပြဲငိုချလိုက်တာ မေမေ့မှာရင်တုန်တုန်နဲ့ ကျောင်းကိုပြန်ပြေးလာရတဲ့အထိပဲ။ ကျောင်းရောက်တော့ သူကလည်းဘာမှမပြော မေမေ့ကိုသာ အသားကုန်ဖက်ထားပြီး အတင်းအာဘွားတွေစွတ်ပေးခိုင်းပြီးမှ အိမ်ပေးပြန်ခဲ့တာလေ။သူအဲ့တုန်းက မူလတန်းပြီးတဲ့အထိ သူငယ်ချင်းတွေကအဲ့အကြောင်းနဲ့ပတ်သက်ပြီးစခဲ့ကြသေးတာ။
ခုသူ lecture ချိန် ၂ချိန်ပြီးတော့မယ် ပထမအချိန်စခါနီးတည်းကဒီလိုခံစားမှုမျိုးကြီး ခံစားနေရတာ ရင်ထဲတလှပ်လှပ်နဲ့ အာရုံလည်းစိုက်လို့မရဘူး သူမနက်အိပ်ယာနိုးကတည်းကဖြစ်ခဲ့တာတွေအကုန်ပြန်စဥ်းစားကြည့်တော့ မနက်စာလည်းစားခဲ့တယ် ဖုန်းအားသွင်းကြိုးလည်းဖြုတ်ခဲ့တယ် မျက်နှာလည်းသစ်ခဲ့တယ် တခြား Hyung တွေနဲ့လည်းတူတူတွေ့ပြီးစကားတွေတောင်ပြောခဲ့ကြသေးတယ် ဒါဆိုဘာလဲ ဘာကလိုနေလို့ ဒီလောက်ထိတောင်ခံစားနေရတာလဲ အရှေ့က Mr.Ryan ပြောတာတွေလည်း မကြားနိုင်တော့ အာရုံလည်းမစိုက်နိုင်တော့လို့ စာအုပ်ရဲ့နောက်ဘက်
မှာ စိတ်ထဲပေါ်လာတာတွေဆွဲနေတုန်း သူတစ်ခုခုကိုချက်ချင်းသတိရသွားတယ် သူတစ်မနက်လုံး ဒီလိုစိတ်မောနေရတဲ့အကြောင်းအရင်းရဲ့ပင်မရင်းမြစ်ကိုသိပြီထင်တယ် သိလျှင်သိချင်းချက်ချင်းပြေးထပြီး ဒီလိုခံစားချက်ကြီးကိုပျောက်အောင်လုပ်ပေးနိုင်မယ့်တစ်ဦးတည်းသောသူဆီကိုပြေးသွားချင်ပေမယ့် အတန်းက ၁၀မိနစ်လောက်ပြီးဖို့လိုသေး။ ထိုင်မရထမရနဲ့အကြောင်းအရင်းကိုသိပြီးသွားတော့ပိုစိတ်မောရပါတယ်။ မျက်လုံးကလည်း ၃စက္ကန့်တစ်ခါ နာရီဆီရောက်ရောက်သွားသည်။ နာရီလက်တံတွေရွေ့လျားတာကအရင်တည်းကဒီလောက်တောင်နှေးရတာလား။
![](https://img.wattpad.com/cover/285858223-288-k185105.jpg)
YOU ARE READING
Jikook Oneshots Zawgyi/Unicode