''အွန်း ပြောလေ''''အဲ့တာမပြောခင် Hyung ကျွန်တော့်ကိုတစ်ခုကတ်ပေးကို ကျွန်တော့်စကားကိုအဆုံးထိနားထောင်ပါမယ်ဆိုတဲ့ ကတိရယ် Hyung ကျွန်တော်ပြောတာကို လက်မခံနိုင်ရင်တောင်အရင်လို ပဲဘာမှမဖြစ်သလို ရှိပေးနေနိုင်ဦးမယ် ဆိုတဲ့ကတိရယ်''
''ဟော ဒါဆိုကတိက ၂ခုဖြစ်သွားပြီပေါ့''
''Hyung!!ခုပေးနော်'' ဟုဆိုကာ လက်သန်းလေးရှေ့ကိုတိုးပေးလာတဲ့ အနှီလူသား။ ဒီကလေးလေးကအလွန်ကို ဖြူစင်ပြီးချစ်ဖို့ကောင်းတာပါလား။ မင်းရဲ့ အဲ့လိုအပြုအမူလေးတွေကပဲ ငါ့ကို ဒီလိုချည်နှောင်ထားတာဆိုတာ မင်းသိသွားခဲ့ရင် ကလေးဆန်တဲ့အမူအရာတွေကိုရပ်တန့်သွားမလား ငါသိချင်သလို မသိလည်းမသိချင်မိဘူး။
''အေးပါ ကတိပေးတယ်နော် ရော့''
''Hyung ကျွန်တော်လေ..... Hyung ကို Jooheon sunbaenim တို့နဲ့အတူတူ လျှောက်မလည်စေချင်ဘူး''
''ဘာလို့တုန်း''
''ကျွန်တော်အဆုံးထိဆက်ပြောမယ် နားထောင် ဘာလို့မငွားသေချင်ရလဲဆိုရင် အဲ့ sunbaenim ကို Hyung ကိုသဘောကျနေတာ ဖြစ်ဖို့များတယ် ပြီးတော့ ....''
''.... Hyung ကိုကျွန်တော်ကလည်းသဘောကျနေလို့ ကျွန်တော်လည်းဘယ်တည်းကမှန်းမသိဘူး Hyung ပျော်နေရင် ပျော်တယ် Hyung ကျွန်တော့ကိုအလေးပေးရင် ပိုပျော်တယ် တစ်ရက်လောက်မတွေ့ရရင် အရမ်းလွမ်းတယ် သူများတွေကို အကြာကြီး စိုက်ကြည့်နေရင် ကျွန်တော်မနာလိုဖြစ်လာတယ် ပြီးတော့အဲ့ လျှောက်လည်မယ်ဆိုတဲ့ကိစ္စကကျွန်တော် Hyung ကိုဘယ်လောက်ထိသဘောကျနေလဲဆိုတာကို နားလည်သွားစေခဲ့တယ် သူများက hyung ကိုကျွန်တော့ဆီကလုယူသွားမှာ အရမ်းကြောက်တယ် မနက်အိပ်ယာထရင် Hyung မျက်နှာလေးကိုအရင်ဆုံးတွေ့ချင်တယ် ပြီးတော့ ကျောင်းဆင်းတဲ့အချိန်တွေဆို လက်လေးကိုင်ပြီး ပန်းခြံတို့ ညစျေးတန်းတို့ လျှောက်သွားချင်တယ် ကျွန်တော့ဘဝရဲ့ပျော်ရွှင်တဲ့အမှတ်တရတွေကို Hyung နဲ့ပဲဖန်တီးချင်တယ် ဒီလိုတွေအထိလုပ်ချင်တာမို့လို့ Hyung သူများတွေကိုပိုပိုသာသာ ဂရုစိုက်တာမြင်ရင်
ကျွန်တော်အသက်ရှူတွေပါမဝတော့တာ အစကနားမလည်ခဲ့ဘူး နောက်ပိုင်းမှနားလည်လာတာ Hyung ကိုကျွန်တော့ဆီက လုယူသွားမှာကိုအရမ်းကြောက်နေခဲ့တာ။ ကျွန်တော်က ဒီလိုစိတ်တွေ Hyung အပေါ်ရှိနေတယ်ဆိုတာကိုလည်းတစ်ကယ်ရှက်မိပါတယ် ဒါကြောင့်နားထောင်ပြီးသွားရင်လည်း ကျွန်တော့ကိုပစ်မသွားပါနဲ့ အရင်လိုလေးပဲ နေကြရအောင် ကျွန်တော် ဒါကြီးကိုမပြောမဖြစ်ပြောလိုက်ရမှ နေသာမှာမလို့ပါ တောင်းပန်ပါတယ် တစ်ကယ်တောင်းပန်ပါတယ်''
ပြောနေရင်းနဲ့အသံလေးတိမ်ဝင်သွားကာ မျက်စည်တွေပိုးပိုးပေါက်ပေါက် ကျလာခဲ့တဲ့သူ။
YOU ARE READING
Jikook Oneshots Zawgyi/Unicode