Dandelions 2

294 41 3
                                    

Zawgyi:

Wishing on dandelions all of the time
Praying to God that one day you'll be mine....

......................................................................

မောင်ပြန်လာမယ်ထင်ပြီးစောင့်နေပေမယ့် တခြားဆရာဝန်တွေလာကြည့်ပြီးတဲ့အထိတောင် မောင်မရောက်လာခဲ့ပါဘူး...

ငယ့်ကိုယ်ကိုမောင်ကလွဲပြီး တခြားသူထိတာမကြိုက်တဲ့မောင်က မောင့်လုပ်ဖော်ကိုင်ဖက်တွေ စစ်ဆေးပေးတာတောင်နေနိုင်ရက်တယ် မောင့်ကိုသက်ငယ်အကြီးကြီးစိတ်ဆိုးမိပါတယ်...

မျက်လုံးကလယ်ကလယ်နဲ့ ဝင်ပေါက်ကိုစောင့်နေမိပေမယ့်
မောင့်အရိပ်လေးတောင်ပေါ်မလာခဲ့ပါဘူး...
မနေနိုင်အားကြီးလာတော့ မောင့်ကိုဖုန်းခေါ်ဖို့ဘေးက ဖုန်းကိုယူပြီး ဖွင့်လိုက်တော့...

အရင်အတိုင်းမောင့်မွေးနေ့lockချထားတဲ့ဖုန်းကပွင့်သွားပြီး wallpaperအထက်မှာ ဒုဒလီပန်းကြီးထဲမောင်နဲ့အတူတူရိုက်ထားတဲ့selfieလေးအစား ဒီအတိုင်းဗလာကြီးကိုမြင်တော့ ရင်တောင်စို့တက်သွားသလို..

အိပ်နေတုန်းတခြားသူလက်ကမြင်းသွားတာနေမှာပါ ဟုတ်တယ် ပြန်ပြောင်းဖို့ galleryထဲဝင်တော့ မောင်နဲ့အတူရိုက်ထားတဲ့ပုံတွေ ပျောက်နေတာကိုတွေ့ရတယ် အို.. floderသက်သက်နဲ့ထားထားတာပဲနေမှာပါ မေ့တတ်လိုက်တာလည်းလွန်ပါရော ဖုန်းတခုလုံးရှာပေမယ့်တပုံမှထွက်မလာခဲ့...
သော့ခေတ်ထားတဲ့appထဲမှာများလား မဟုတ်လောက်ပါဘူး မောင်ရဲ့ပုံတွေကိုဖွက်ထားဖို့အထိတော့...

အခုတွေ့ရတဲ့ပုံတွေကမယုံကြည်ချင်စရာအတိ ...
သော့ခေတ်ထားတဲ့appထဲရောက်နေတဲ့ မောင်နဲ့အတူရိုက်ထားတဲ့ပုံလေးတွေ...
မောင်စာကျက်ရင်းအိပ်ပျော်သွားတဲ့ပုံလေးတွေ.. မောင်ဆေးကျောင်းဆင်းတော့ငယ့်ကိုချီပြီး ရိုက်ထားတဲ့ပုံလေးတွေရယ် ဂျပန်ခရီးစဉ်တုန်းကပုံတွေရယ် နောက်ထပ်ခေါင်းစဉ်တပ်လို့မရအောင် ရင်းနှီးနေတဲ့ပုံတွေရယ်ထွက်လာပါတော့တယ်... အဲ့ကျမှအလန့်တကြားဖုန်းထဲကရက်စွဲကိုကြည့်မိတော့ ၂၀၂၁....

အခုချက်ချင်းပြေးပြီးမောင့်ကိုမေးကြည့်ချင်ပေမယ့် အချိန်ကြည့်မိတော့ ၁၁ခွဲ ဒါမောင်ညဂျူတီခဏနားချိန်ပဲ
အခုဖုန်းခေါ်ကြည့်လိုက်ရင် တနေကုန်ပြေးလွှားလို့ပင်ပန်းနေတဲ့မောင်တရေးအိပ်နေတဲ့အချိန် ထိခိုက်လိမ့်မယ် မနက်ကျမှမေးပါတော့မယ် မောင်သာဆိုရင် ငယ်နားလည်အောင်ဖြေရှင်းချက်ကောင်းကောင်းပေးနိုင်ပါလိမ့်မယ် ဟုတ်တယ် သက်ငယ်ရဲ့မောင်က ဥာဏ်ကောင်းတဲ့ဆရာဝန်တယောက်...

Still with you,the moon..Where stories live. Discover now