Gift ( Unicode )

302 26 5
                                    

" အဟမ့်..... "

ကျန်းချန်  ပါလာတဲ့ ပစ္စည်းလေးကို ‌အနောက်ကို ဖွက်လိုက်ရင်း ရှေ့က လူကြီး သတိထားမိဖို့ အသံတစ်ချက်ပြုလိုက်သည်။ လန်ရှီးချန်းက ပုံမှန်အတိုင်း အပြုံးတစ်ချို့ ဆင်မြန်းရင်းနဲ့ နောက်လှည့်ကြည့်လာသည်။ 

" ဘာများလဲ " 

လန်ရှီးချန်း အမေးကြောင့် ကျန်းချန် နှုတ်ခမ်းတို့ကို တင်းတင်းဖိကိုက်လိုက်ရင်း သူ့နောက်မှာ ဖွက်ထားတဲ့ ပစ္စည်းလေးကို ထုတ်လိုက်သည်။

" ဒီမှာ .... ဒါလေး ခင်ဗျား.. ခင်ဗျားကို ပေးမလို့ "

ကသိကအောက်နိုင်စွာ ခပ်ရဲရဲလေးဖြစ်နေတဲ့ မျက်နှာလေးနဲ့ ကျန်းချန်က ရွှေရောင် အဆင်းရှိတဲ့ ပစ္စည်းလေးကို ထုတ်ပြလာသည်။ ကျန်းသခင်မ တစ်နည်း ကျန်းချန် အမေရဲ့ ခေါင်းဆောင်းလေးကြောင့် ရှီးချန်း မျက်နှာက အလေးအနက် ဖြစ်သွားပြီး ကျန်းချန်ကို ကြည့်လိုက်သည်။ 

" ၀မ်ရင်.. ဒါက.... "

 ပန်းရောင်လွှမ်းနေဆဲ ဖြစ်တဲ့ ကျန်းချန်ရဲ့ မျက်နှာကလည်း တည်ကြည်သွားပြီး လန်ရှီးချန်းကို မျက်မှောင် ကြုံ့ကြည့်လိုက်ရင်း

" ဘာလဲ..... ခင်ဗျားက သဘောမကျဘူးလား..? "

" ကျွန်နော် အစက ရှစ်ကျယ်ကို ပေးမလို့ဘဲ  ဒါပေမယ့် ရှစ်ကျယ်က တစ်ခြားဂိုဏ်းက သခင်မ ဖြစ်သွားပြီဆိုတော့...."

ရှီးချန်းကို တစ်ချက် လှန်းကြည့်ရင်း ပြောလာတဲ့ ကောင်လေးရဲ့ မျက်နှာက တစ်ဖန် ပန်းနုရောင် သန်းလာပြန်တယ်။ ရှီးချန်းလည်း ပြုံးလိုက်ရင်း ရွှေရောင်ခေါင်းဆောင်းလေးကို ဂရုတစိုက် လှမ်းယူလိုက်ပြီး ခေါင်းပေါ် တင်ပြလိုက်သည်။

" ကိုယ်ဘယ်လိုနေလဲ "

 ရှီးချန်း အမေးကြောင့် ကောင်လေးက နှစ်လိုလက်ရ ပြုံးပြလာတယ်။ 

ကျန်းချန်လည်း သူ့ရှေ့က ပြစ်ချက်မရှိတဲ့ အသွင်အပြင်ကြောင့် မျက်လုံးလေးတွေ ဝိုင်းစက်ပြီး စကားမပြောနိုင်လောက်အောင် နစ်မြောနေမိသည်။ သေချာပေါက် မျက်နှာလေးကလည်း ရဲသွေးဖြန်းလို့ပေါ့။

Gift - LXC x JC { Complete }Where stories live. Discover now