အပိုဆု

156 9 6
                                    

Type - Normal/One Shot
Song - အပိုဆု/ အချစ်များသူ့ဆီမှာ

                   
'' နင့်မှာ ဘယ်တုန်းကများ ယောကျ်ားလေး သူငယ်ချင်းရှိဖူးလို့လဲ မေချယ် ´´

'' အရင်ကမရှိတာနဲ့ အခုမရှိရမှာလား... ဒါ ငါ့ကို ချုပ်ချယ်ဖို့ ကြိုးစားနေတာလား နင့်အချိုးတွေပြောင်းနေပြီ ´´

'' မဟုတ် ...ငါ ၊ တော်ပြီ မပြောတော့ဘူး အိမ်ထိလိုက်ပို့ပေးမယ် လာ ´´

'' မလိုပါဘူး နင်လိုက်ပို့မှ ငါအိမ်ပြန်ရမှာမဟုတ်ဘူး ´´

ပြောပြောဆိုဆိုနဲ့ မေက ရပ်နေတဲ့ YBSပေါ် လှစ်ခနဲပြေးတက်သွားသည်။ ကားကလည်း အချိန်ကိုက်ထွက်သွားသည်မို့ ကျွန်တော်တစ်ယောက်တည်း ဘတ်စ်ကားမှတ်တိုင်မှာ ငူငူငိုင်ငိုင်နဲ့ ကျန်ခဲ့ရလေသည်။

ဒီလိုပဲ မေက စိတ်မြန်သည်။ ကျွန်တော်က မပြတ်မသားရှိသည်၊ တုံ့ဆိုင်းတတ်သည်။ စဥ်းစားကြည့်လျှင် ကျွန်တော်နဲ့ မေ့ကြား ကွာခြားမှုတွေက အများသားရယ်။

ပြဿနာအရင်းအမြစ်က ကျွန်တော်တို့Companyက Director နှင့် မေ့ကို အပြင်မှာ အတူတွဲတွေ့ရာက စသည်။ နေ့လည်က သူငယ်ချင်းနဲ့ မုန့်ထွက်စားမယ်လို့တော့ စာပို့ထားပေမဲ့ ဒီလို သူငယ်ချင်း ဖြစ်မည်လို့တော့ ထင်မထား။ ခါတိုင်းလို ခက်သွယ်တို့နှင့်ပဲ ထင်ခဲ့တာဖြစ်သည်။

ရင်ထဲမှာ စူးနေအောင် အောင့်သည်။ ရူးနေအောင် ချစ်မိနေတာမို့ ဖြစ်ပါမည်။ အဘယ်မှာ စိတ်ချနိုင်အံ့နည်း။ မေ က အလယ်တန်းကျောင်းသူဘဝတည်းက ရည်းစားကို ထည်လဲတွဲခဲ့ဖူးသည်။ ရည်းစားစာပေးသမျှလက်ခံ၍ အဖြေတောင်းသမျှကောင်လေးတိုင်းနီးပါးကိုလည်း အဖြေပြန်ပေးခဲ့သည်။ မေ့အတွက် ရည်းစားထားဖို့က ထမင်းစား ရေသောက်တာထက်ပင် လွယ်သေးသည်။

ကျွန်တော် ချစ်ပေမဲ့ ဖွင့်မပြောခဲ့မိ၊ မေ့ရဲ့နံပါတ်စဥ် ဘယ်လောက်မှာမှ မပါဝင်ချင်ခဲ့ပါ။ မေ့ရဲ့ သမားရိုးကျ အတိတ်တစ်ခုအဖြစ် မထင်ကျန်ချင်။  ကျောပြင်ငယ်လေးကိုသာ ငေးကြည့်ရင်းသာ ရာသီတွေကူးရွေ့လာခဲ့သည်။

'' နင် ငါ့ကို ကြိုက်နေတာမလား ´´

အမေးမမည်သော အမေးတစ်ခု တက္ကသိုလ်ဒုတိယနှစ်မှာ မေကစပြီး မေးလာလေသည်။

Short Stories (Normal)Where stories live. Discover now