Part 3

1.2K 69 1
                                    

"ဟေ့‌ေကာင်Taehyungလျှော့သောက် မင်းမူးနေပီ
Jameမင်းရောပဲ ပြန်ရင်မင်းကကားမောင်းရမှာ ခေါင်းတွေကမထောင်နိုင်တော့ဘူး ပုလင်းကိုလက်ကမချဘူး"

ဒီကောင်Harryတော်တော်စကားများတဲ့ကောင် လူကစိတ်ညစ်နေရင် သူ့ပွစိ ပွစိစကားတွေနဲ့ ခေါင်းတွေကပိုကိုက်လာတယ် Jeon jungkookက သူကနည်းနည်းနောက်ကျမှာမို့လို့ Taeလေးသွားနှင့်ဆိုပီး အချိုသတ်လိုက်တာ အခုထိကိုရောက် မလာနိုင်ဘူး

"ဟေ့ကောင် တော်စမ်းကွာ ငါမူးနေတယ်ထင်လား ဒီမှာကြည့် ငါ့ရင်ထဲမှာ ပူလောင်နေတာ ကတိမတည်တဲ့သူတွေကို အရမ်းမုန်းတယ် ငါအရမ်းချစ်တဲ့သူက ငါ့အ‌ေပါ်ဒီလိုလှည့်စားသွားတာကွ ငါတင်းနေတာ ထပ်သောက် မှာပဲ"

အမောင်ငမူးရယ် ဟိုက ချိန်းထားတာမလာတာလေးကို သူ့ကိုသူလှည့်စားခံရတဲ့ မိန်းမပျိုလေးmood၀င်နေတယ်

"အော် စီနီယာလဲ တခြားအကြောင်းရှိလို့နေမှာပေါ့ မင်းပဲချစ်တယ်ဆိုဖြည့်တွေးပေးလိုက်ပေါ့ ပီးတော့ မင်းလဲသိတဲ့အတိုင်း....."

"ဟေ့ကောင် Taehyungမင်းဘဲကြီးက မင်းကိုလှည့်သွားပီး ဟိုYumiဆိုတဲ့တစ်ယောက်စီသွားတာ"

ဒီမှာကတရားချလို့မပီးသေးဘူးHarryတို့ကတော့ပြဿနာကိုမီးထွန်းပီးရှာပီ

"ဒီမှာYumiကပုံတွေတင်ထားတာလာကြည့် နှစ်ယောက်လုံးကလဲပြုံးလို့ရွှင်လို့"

"ဘာ.... ပြကြည့်စမ်း Jeon Jungkookကတကယ်အဲ့မှာလား အော်...သူက Yumiနဲ့ညစာစားပွဲလေးကျင်းပနေတာကို  အဲ့ဒါကြောင့်ဒီကိုမလာ‌တာပေါ့ ဟုတ်ပါပီကွာ ဟေ့ကောင်Jame သောက်စရာထပ်မှာကွာ"

🍓🥛🍓🥛🍓🥛🍓🥛🍓🥛🍓🥛🍓🥛🍓🥛

ဒီကောင်လေးကိုလာမယ်ဆိုပီး ချိန်းထားပီးမှ မာမီကYumiနဲ့သွားမတွေ့ရင် ကားသိမ်းမယ်ဆိုပီး ပြဿနာရှာလို့ သွားခဲ့ရတာ ဂျစ်တူးကောင်လေးကအခုဆို စိတ်တွေဆိုးနေလောက် မှာ ကိုယ့်ဘက်ကပျက်ကွက်ခဲ့တဲ့သူဆိုတော့Yumiနဲ့ညစာ စားပီးတာနဲကိုယ်တိုင်‌ေတာင်သတိမထားမိဘဲ ဂျစ်တူးကောင်လေးတို့အဆောင်ရှေ့မှာ စောင့်နေမိရော

"စီနီယာjungkook  စီနီယာ"

"ဟမ်"
အနောက်ကတစ်ယောက်ယောက်က ခေါ်လို့လှမ်းကြည့်မိတော့ ဂျစ်တူးတို့သူငယ်ချင်းအဖွဲ့ပဲ
Harryကအလယ်ကနေJameကိုတစ်ဖက် Taeပေါက်စကိုတစ်ဖက်ထိန်းလာလေရဲ့ အရက်နံ့တွေဆိုတာလဲ နံ့ဟောင်နေကြတာပဲ
Taeပေါက်စ ဂျစ်တူးကတော့ ကိုယ့်ကိုတောင်မြင်ရဲ့လားမသိဘူး မူးရူးနေတာ

"Harryတို့အခုမှပြန်လာတာလား နောက်တောင်ကျနေပီ မင်းတို့ကယောကျာ်းလေးတွေဆိုပေမဲ့
အခုလိုမူးနေကျတာ မတော်လို့ လမ်းမှာ တစ်ခုခုဖြစ်ရင်ဒီအချိန်ကြီး မူးမူးနဲ့ ဘယ်လိုအကူအညီတောင်းကြမလဲ"

ကိုယ်က‌ ကောင်းစေချင်လို့ ပြောလို့တောင်မဆုံး‌ေသးဘူး ဘေးနားကငမူးကခေါင်းထောင်လာပီးရန်တွေ့နေပီ

"ဘာ...ဘာကွ ဟေ့ကောင်Jame ဘယ်တူက ငါတို့ကိုတရားလာချနေတာလဲ ပါးစပ်ပိတ်ထားလို့ပြောလိုက်စမ်း ဒီမှာ တင်းနေတာကွ ဘာမှမကြားချင်ဘူး...အေ့"

အရူးကောင်ငမူး‌ေကာင်ရယ် မင်းကြိုက်နေတဲ့ဘဲကြီးကငါတို့စီနီယာ ငါကဘယ်လိုပြောရဲမှာလဲ

"ဟေ့ကောင် TaehyungစီနီယာJungkookကစိတ်ပူလို့ပြောနေတာကွ ဟို... စီနီယာကိုတောင်းပါတယ် Taehyungကတအားမူးနေလို့ပါ"

"ရပါတယ် ကိုယ်ကမင်းတို့ကို စိတ်ပူလို့ပါ "

Jungkookဆိုတဲ့အသံလဲကြားရော ဟိုငမူးကခေါင်းထောင်လာပီ

"Jungkook ... Jungkookဟုတ်လား ကိုယ်ရဲ့ဂျောင်ဂျောင်ကူးလေး  အရမ်းရက်စက်တာပဲ ဘာလို့ချိန်းထားတဲ့ကိုယ့်ဆီမလာဘဲ ဟိုမိန်းမဆီသွားတာလဲဟင် "

ဒီကောင်လေးကတော့မူးနေရင် ဒီလောက်ချစ်ဖို့ကောင်းရသလား သူ့သူငယ်ချင်းတွေကအဆောင်ထဲ၀င်သွားလို့ သူနဲ့ကိုယ်နှစ်ယောက်ထဲ ကျန်ခဲ့လို့တော်သေးပါရဲ့

"ကူကူးလေး ကိုကိုပြောနေတာကိုမကြားဘူးလား ဘာတွေတွေးနေတာလဲလို့ ဟိုမိန်းမအကြောင်းတွေးနေတာလား မရဘူးနော် ကိုယ်ကဂျောင်ဂျောင်ကူးလေးကိုချစ်နေတာလေ သူ့အကြောင်းမတွေးနဲ့ ကိုယ့်အကြောင်းပဲတွေးနော်... နော်လို့ နော်လို့ အွတ်းးး ပြွတ်"

ဟားး သူမူးနေတာလေးကအရမ်းချစ်ဖို့ကောင်းလို့တစ်စိမ့်စိမ့်ကြည့်နေမိတာ ကိုယ့်နှုတ်ခမ်းပေါ် နူးနူးညံညံ့အရာလေးရောက်လာမိမှ ဒီကောင်လေးကကိုယ့်ကိုနမ်းနေတာပါလား ကိုယ်ကဘယ်သူ့ကိုမှအတည်မတွဲပေမဲ့ မင်းအပေါ်ကိုယ့်ခံစားချက်တွေကတော့ရှုပ်ထွေးနေတုန်းပဲ ကိုယ်ကမင်းကိုဆွဲခေါ်ခဲ့တာမဟုတ်ပါဘူး မင်းကကိုယ့်ရဲ့ဘ၀ထဲကိုလိုလိုချင်ချင်နဲ့ အတင်း၀င်လာခဲ့တာပါ မင်းအပေါ်ခံစားချက်တိတိကျကျမရှိပေမဲ့ ကိုယ်ပြောနိုင်တာကတော့အခုမင်းနှုတ်ခမ်းလေးတွေကိုအရမ်းသဘောကျတယ်

"ကူးကူးလေး ပြောဒီကကိုကိုTaehyungကချစ်လို့ပါဆို ကိုကိုနဲ့တွဲမှာရား ပြောလို့"

"Ommတွဲကြည့်ရအောင်ဂျစ်တူးလေး"

"ဟမ်....တကယ်ပြောတာရား     တကယ်နော် ကိုကိုကမှတ်ထားလိုက်ပီနော် "

"တကယ်ပါဂျစ်တူးလေးရယ်"

Trying My Surname To Be Jeon(Complete) Where stories live. Discover now