Part-3

79 10 0
                                    

Unicode

"ဦးလေးလီ...Jin Hyung ရော..."

"သူ့အခန်းထဲမှာပါ...သခင်လေး Taehyung ရောရောက်နေပါတယ်..."

Jeon အိမ်တော်နဲ့ Kim စံအိမ်ကို အိမ်ဦးကြမ်းပြင်ကူးသန်းနေတဲ့ ကလေးဟာ တက်ကြွစွာပဲ သူ့ Hyung ရှိရာဆီဦးတည်သည်...အခြေအနေအရပ်ရပ်ကို သိရှိသွားပြီး ဖြစ်လာမည့်အခြေအနေကို ဦးလေးလီမှာမခန့်မှန်းရဲ...သတိကပ်၍သာနေရသည်...

"Jin Hyung ကအစကတည်းက မလုပ်နိုင်ရင် မလုပ်နိုင်ဘူးပြောလေ..."

"Hyung မှားသွားပါတယ်...Hyung ကတောင်းပန်တယ်နော်..."

"ဟင့်အင်း...ခွင့်မလွှတ်ဘူး..."

"Hyung တခြားဟာတစ်ခုခုထပ်လုပ်ပေးမယ်လေ...Jungkook လေးတခြားဘာလုပ်ချင်သလဲ..."

"တခြားဟာဆိုလည်း ဒီလိုထပ်ဖြစ်လာမှာပဲ မဟုတ်လား..."

"..."

"လိုချင်တာကို တောင်းလို့ကြည်ကြည်ဖြူဖြူပေးပြီးပြီးလေ ဘာလို့အခုမှ ဖျက်လိုဖျက်စီး လုပ်ပစ်သလဲ..."

"..."

"Kim Namjoon ကြောင့်ပဲမဟုတ်လား...Hyung ရဲ့ မျိုးရိုးတူ သွေးမတော် သားမစပ် ညီလေးက သဘောမကျလို့လေ..."

ဒေါသတွေစွက်လာသည့် စကားဝိုင်းဟာ မဆိုင်တာတွေဆီပါ ဦးတည်ကုန်သည်...အမှန်ဆို Kim Namjoon ရဲ့မျိုးရိုးဟာ Kim ပဲဖြစ်သည်...အနေအထား အသိုင်းအဝိုင်း မတူပုံက Kim Namjoon ရဲ့ဖခင်ဟာ Kim Group ဥက္ကဌ၏ယုံကြည်အားကိုးရသော အတွင်းရေးမှုး...Kim Namjoon ကိုဖွားမြင်ပြီး ဆုံးသွားတဲ့ ဇနီးကြောင့် အဖေတစ်ခု သားတစ်ခု နေလာရာက ဥက္ကဌ၏ တစ်ဦးတည်းသောသမီးနှင့် နောက်တစ်ကြိမ်အကြောင်းပါခဲ့ခြင်းဖြစ်သည်...Kim မိသားစုမှာ စုစုပေါင်း သားသမီးသုံးယောက်ရှိပြီး သမီးအလတ်လေးအတွက်နစ်နာသည်ထင်သော်ငြား စိတ်ချမ်းသာစေဖို့သာ ဦးတည်ခဲ့တာမို့ ကြည်ဖြူပေးခဲ့ကြသည်...ဆွေမျိုးဆက်ကြည့်လျှင် ဥက္ကဌကြီးအတွက် Kim Seokjin သည် သားအကြီးဆုံးက မွေးဖွားလာသည့် မြေးဦးဖြစ်ပြီး...Kim Taehyung သည် သားအငယ်ဆုံးမှ မွေးဖွားလာသည့် ဒုတိယမြေးဖြစ်သည်...သမီးဖြစ်သူစုံတွဲမှာ သားသမီးထပ်မထွန်းကား...Kim Namjoon သာလျှင် သားအဖြစ် သတ်မှတ်ချစ်ခင်တာမို့ သူ့ကိုပဲမြေးစာရင်းသွင်းရသည်...

Next AugustWhere stories live. Discover now