လေအေးတွေ နဲ့ မိုးစက်ရောနေသော
အနေထားသည် မကြာမှီမိုးရွှာတော့မည်ကို
ပြနေခဲ့သည်ထို့ကြောင့် အသားကျနေသော
ခြေလှမ်းတွေနဲ့ ဝါရန်တာတွင်လှမ်းထားသော
jimin ရဲ့အင်္ကျီတို့အား သိမ်းယူရန်
ထွက်လာမိခဲ့သည်ဒီညနေတော့ မိုးတော့ရွှာမည်
သို့သော်နေအပူဓာတ်သည်လည်း
ရှိနေသေးသည်မို့ မိုးတော့မကြီးနိုင်ပါ
ဒီလောက်အနေထားဆို ရွှာထဲကကျောင်းမှာ
စာသွားသင်နေသော jimin
အိမ်ပြန်လမ်းမိုးတော့မမိလောက်ပါကျင့်သားရနေတဲ့ခြေလှမ်းတွေနဲ့
ကျတော်အထဲသို့ပြန်ဝင်ကာ
အဝတ်တွေခေါက်လိုက်သည်
စိုနေဆဲတွေကို တော့
အတွင်းတန်းတွင်ပြန်လှမ်းသည်ညနေစာ ချက်ရန်လည်းရှိသေးတာမို့
အောက်ထပ်သို့... လက်ရန်းတွေ
သေချာကိုင်ရင်းဆင်းသွားကာ
ညနေစာအတွက်ပြင်ဆင်ရတော့သည်ကျတော်တို့ဒီကိုပြောင်းလာသည်မှာ
၁နစ်လောက်ရှိပြီJimin ပြောပုံအရဆို
ဒီနေရာဟာ...ဟယ်နမ်ဆိုသော
ရွှာငယ်လေး၏ စိုက်ခင်းတစ်ခုအနီးရှိသော
၂ထပ်သစ်သားအိမ်လေးတစ်လုံးတဲ့ခြံထဲတွင် jiminလုပ်အားခအနည်းငယ်နဲ့
ဝယ်ထားသော ကြက်တစ်စုရယ်
jimin ကဒီရွှာမှာစာလာသင်ပေးသောကြောင့်
အရပ်ထဲက ခလေးမိဘတွေ လက်ဆောင်ပေးထားတဲ့ ဆိတ်တချို့နဲ့ဘဲတချို့လည်းရှိသည်အသီးအရွက်တွေကတော့
ကျတော် က မျင်မမြင်တစ်ဦးမို့
စိုက်ခွင့်မရခဲ့
သို့သော် jimin ကစိုက်သည်
ကျတော်ကရေလောင်းပေါင်းသင်သည်ခရမ်းချည်သီးများအား
လက်နဲ့စမ်းကြည့်၍မာနေသေးတယ်ဆို
မခူးပဲထားကာ မှည့်လောက်မယ်ထင်သော
တာတွေ
ခူးပြီး အိမ်တွင်လည်းစားသလို
အနီးနားက လူတွေကိုလည်းဝေဌ၏
အသီးနှံခြင်းဖလှယ်၍လည်းစားကြ၏ဒီနေ့ညနေက နည်းနည်းအေးမှာဆိုတော့
ကန်စွန်းဥ အနည်းငယ် ဖုတ်မည် ဒါဆို
ညဘက် ရုပ်သံအစီစဥ်ကြည့်ရင်းလည်း
စားလို့ရသည်ထိုစဥ် ခြံရှေ့ စည်းရိုးဆီက
စက်ဘီးခေါင်းလောင်းလေး လွှင့်လာခဲ့ပြီ
YOU ARE READING
မေတ္တာဖြင့်ချည်သော..."ဝတ္ထုတို"
Fanfictionမျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ကျောင်းဆရာလေးတို့ရဲ့အချစ်ဇာတ်လမ်း💜 စိတ်ထိခိုက်ဝမ်းနည်းစရာမှမျက်ရည်ကျတတ်တာမဟုတ်ပဲ တယောက်ပေါ်တယောက် စာနာစိတ်ခင်တွယ်စိတ်ပေးဆပ်တဲ့စိတ်နဲ့ချစ်လည်း ထိုအရာဟာမျက်ရည်ကျနိုင်ကြောင်းကိုဖော်ကျူးထားတဲ့မေတ္တာချည်သော နှောင်ဖွဲ့မှု့ ဝတ...