8🌼

893 43 0
                                    

မော်​ဒိုက်​သွားဖို့ကြံရွယ်​ထား​သော်​လဲ သူတို့သွားမဲ့​နေ့မ​ရောက်​ခင်​ တစ်​ပတ်​အလိုမှာ အလုပ်​ကိစ္စဗြုန်းစားကြီး​ပေါ်လာသဖြင့်​ ​နွေရာသီ photoshot အတွက်​ ​ညောင်​ဦးဖီးကျွန်းမှာလုပ်​ရမည်​​ဆိုလာ​သော​ကြောင့်​ သူတို့ရဲ့ အ​ပျော်​ခရီး​လေးမှာ အလုပ်​တစ်​ဖတ်​နှင့်​ဖြစ်​ခဲ့ရသည်​၊ ​တော်​​သေးသည်​ကား သူတို့သွားပြီး၂ရက်​ကြာမှအလုပ်​စမည်​ဖြစ်​​သော​ကြောင့်​အချိန်​တစ်​ခုကြာ​တော့သူတို့​အနားယူနိုင်​သည်​။

ကားနှင့်​သွားရင်​ ပင်​ပန်းမှာဆိုး၍ သုံး​ယောက်​လုံး flight ကိုသာ​ရွေးချယ်​ခဲ့သည်​၊ သူမတို့သုံး​ယောက်​ကဦးစွာခရီးထွက်​ခဲ့ကျသည်​၊ ခရီးမထွက်​ခင်​အချိန်​ထိမြူမှာ ယခုခရီးတွင်​လုပ်​ရမည့်​ project အတွက်​အလုပ်​ရှုပ်​​နေခဲ့သည်​၊ တစ်​လမ်းလုံးလဲ ဆူးပုခုံး​ပေါ်မှီကာအိပ်​​ပျော်​​နေခဲ့သည်​။

Flight ဆိုက်​ပြီး နားရမည့်​ဟိုတယ်​သို့ ကားဖြင့်​ထက်​သွားရပြီး​နောက်​ မြင်​ကွယ်​ထဲစတင်​​ပေါ်လာသည့်​ ကမ်းရိုးတန်းတစ်​​လျောက်​ ​အပြာ​ရောင်သန်းမ​နေ​သော​ရေပြင်​ကျယ်​နှင့်​ မြို့​ပေါ်မှာနှင့်​မတူ​သော​လေထု​အေး​အေး ​နေ​ရောင်​​နွေး​နွေး၊ ရှုခင်းလှသည့်​အတွက်​ နိုင်​ငံခြားသားတစ်​ချို့ကိုလဲ​တွေ့နိုင်​သည်​။

အနားယူသည့်​အခန်းထဲ​ရောက်​​တော့ ​​နေအနည်းငယ်​ပူ​နေ​သေးသဖြင့်​ သုံး​ယောက်​လုံး ​​လေသာ​ဆောင်​မှာရှုခင်းကြည့်​ကာ ဓာက်​ပုံရိုက်​ပြီး ​ဗိုက်​ဆာမှုကိုဖြည့်​စည်းကျသည်​၊ ဟာဝိုင်​အီအ​ငွေ့အသက်​ရ​​နေပြီး မြို့မှာ​နေရတဲ့ခံစားချက်​နှင့်​ကွာသည်​။

"ခုနက ငါသန့်​စင်​ခန်းသွားတုန်းကကြားခဲ့တာ ညကျရင်​ party ရှိတယ်​တဲ့ ဒီ ဟိုတယ်​မှာ anniversary လို့​ပြောတာပဲ"
"၀ိုး...မိုက်​တယ်​ ဒါ​ပေမဲ့ နင်​တို့မိန်းခ​လေး​တွေသိပ်​မ​သောက်​နဲ့အုန်း မနတ်​ကျမထနိုင်​ဖြစ်​အုန်းမယ်​ မနတ်​ဖြန်​ ငါတို့ ဘုတ်​စီးရမှာ"
"အဲ့တာနင့်​ကို​ပြောရမှာအလင်းရဲ့ နင်​က​ယောက်ျား​လေး"

ချည်​ (ချည်) [Completed-7]Where stories live. Discover now