"အား.."
မျက်လုံးနှစ်လုံးဖွင့်လိုက်တယ် ဆိုရင်ပဲ တစ်ကိုယ်လုံးက နာကျင်နေသည်ကို ခံစားရသည်။ ဘယ်နေရာက အဓိက နာနေတယ် လို့ပြောလို့မရအောင်ကို တစ်ကိုယ်လုံးက ကိုင်ရိုက်ခံထားရသလို။ ခေါင်းကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ အားယူ၍ ထထိုင်လိုက်သည်။
ဟင်...
ငါဘယ်နေရာရောက်နေတာလဲ။ ဟိုကောင်တွေကော ဘယ်ရောက်သွားတာလဲ။
ရိပေါ် သူ့ခေါင်းသူကိုင်ရင်း ဘယ်ညာလှည့်ကြည့်နေသည်။ အခုသူရောက်နေတာက တဲသေးသေးလေးတစ်ခုလိုနေရာ။ နံဘေးတွင် မီးအိမ်တစ်ခုနှင့် သူ့ကျောပိုးအိတ်။ ဘေးကို ဝေ့ဝဲကြည့်လိုက်တော့ ထိုင်ခုံအဟောင်းတစ်လုံးနှင့် အနွေးထည်ဟု ယူဆရသော အဝတ်တစ်ထည်က ခုံပေါ်တွင် ရှိနေသည်။ ဘယ်သူမှတော့မရှိ။ ညအချိန်ရောက်နေသည်ထင် တဲအပြင်ပတ်လည်မှ အကောင်ပလောင်အသံတွေလည်း ဆူညံစွာ။ သူနောက်ဆုံးမှတ်မိတာက ကျောင်းက ဇိုးသုံးကောင် သူ့နောက်ကို လိုက်လာလို့ ကြောက်အားလန့်အားနဲ့ ပြေးနေတုန်း တိုက်လဲသွားတာ။ ပြီးတော့ ပြန်နိုးလာတော့ ဒီနေရာမှာ။
ငါအိပ်ပျော်နေတာ ဘယ်လောက်ကြာနေပြီလဲ။
မတ်တပ်ရပ်ဖို့ရာ ပြင်လိုက်စဉ် သူခုပြီးအိပ်ထားသော အခင်းတစ်ခုကို မြင်လိုက်ရပြီး လန့်ကာ အကျယ်ကြီးအော်မိသွားသည်။
"အား!!!"
ကျားအရေကြီး။ အမလေးလေး..ငါက ကျားအရေကို ခင်းပြီးအိပ်နေတာလားဟ။ အတုကြီးများလား။ ကျားအရေကို လက်ကလေးနှင့် ပွတ်ကြည့်နေတုန်း တံခါးပွင့်လာသည်။
"အမေရေ...."
တံခါးတစ်ဖက်ကလူက သူ့အသံကြောင့် လန့်ပြီး လက်ထဲမှ ကိုင်ထားသောခွက်ပြုတ်ကျသွားသည်။ ထို့နောက် ထိုလူက
"လန့်လိုက်တာ။ ဘာလို့အဲ့လောက်အော်နေတာလဲ။ မသိရင် သရဲ တွေ့သလိုပဲ"
အော်မှာပေါ့။ အော်မှာပေါ့။ မေ့မသွားတာတောင် ဝမ်ရိပေါ် တော်တော်သတ္တိကောင်းလွန်းလို့ပဲ။ သရဲတွေ့လိုအော်တာလားလို့ ပြောတဲ့ လူကြီးရဲ့ ပုံစံကိုက သရဲကြီးလို။
YOU ARE READING
Stuck In A World Of Witches
Fanfictionအိမ်အပြန်လမ်းရှာနေတဲ့ လူကြီးတစ်ယောက်ရယ်.. မမျှော်လင့်ဘဲ ရောက်လာတဲ့ ကလေးလေးတစ်ယောက်ရယ်.. အိမ်အပြန်လမ်းရှာနေတဲ့ လူကြီးတစ်ယောက်ရယ်.. မမျှော်လင့်ဘဲ ရောက်လာတဲ့ ကလေးလေးတစ်ယောက်ရယ်.. Zhanyi.