#Unicodeအေးစိမ့်လှသည့် Decemberမှာ နှင်းလုံးလေး တစ်လုံးကို သခင်ကြီးက စံအိမ်ဆီ ခေါ်လာခဲ့သည်။
မိတ်ဆွေဂိုဏ်း ဖြိုခွင်းခံရသည့်နေက သခင်ကြီး ကယ်ဆယ်ခဲ့သည့် မျိုးဆက်ကလေး။
ဖွေးစွတ်နေတဲ့ အကောင်ပေါက်လေးက ပိန်သေးသေးလေးနှင့်မို့ စံအိမ်တစ်ခုလုံး သနားကရုဏာသက်စွာ ချစ်ခင် ယုယခဲ့ကြသည်။ထိုကဲ့သို့ သည်းသည်းလှုပ်ကြသည့် အထဲ စံအိမ်ကြီးရဲ့ အမွေဆက်ခံသူ သခင်လေးသည် အကဲ အပိုဆုံးဖြစ်ခဲ့သည်။
ကလေးငယ်ရဲ့ သမိုင်းနောက်ခံကို သိလိုက်ရသည်တွင် အံကို ခပ်တင်းတင်းကြိတ်ခဲ့သူသည် ကလေးငယ်လေးကိုတော့ မျက်စိအောက်က အပျောက်မခံခဲ့ပါ။
"အားချန်း! Ge ပြောတာ နားထောင်! မင်းမှာ မိဘ လိုရင် ကိုယ်ဟာ မိဘပဲ၊ အစ်ကိုကြီး လိုရင်လည်း ကိုယ်က မင်းရဲ့ အစ်ကိုကြီးပဲ ၊ မင်းဟာ ဒီစံအိမ်ကြီးရဲ့ ဒုတိယသခင်လေးပဲ ပြောတာ နားလည်လား။"
ဆယ်နှစ်သားအရွယ်လေးရဲ့ မျက်ဝန်းတောက်တောက်လေးတွေထဲ Geဆိုသည့် အားကိုးရာ ရင်ခွင်ရိပ်က သိပ် အားကြီးခဲ့သည်။
"အားချန်းမှာ Geရှိတယ်"
"ဟေ! ဟုတ်တယ်။ တော်လိုက်တဲ့ ကောင်လေး။ မင်းမှာ Geတစ်ယောက်လုံးရှိတယ် ဟားဟား အတတ်ကလေးပဲ"
ပါးချိုင့်ခွက်ကြီးတွေက မျက်နှာသေးသေးလေးနှင့်ပင် မလိုက်ပါ။ ဘဝမှာ အားချန်းလောက် ချစ်ဖို့ကောင်းသည့် ကလေး မမြင်ခဲ့ဖူးပါ။
အနေလည်း အေးဟန်တူသည့် ကောင်ကလေးက လိမ္မာသိတတ်သည့်ပုံစံ။
သည်လို ကလေးမျိုးတွင်မှ စောစီးစွာ မိဘအရိပ်မဲ့ခဲ့ရသည်။
ဒီလိုအခြေအနေဆိုးနှင့် ကြုံတွေ့ခဲ့ရလည်း ကြံ့ခိုင်သည့်ကလေးငယ်သည် အားချန်းမှာ Geရှိသည်ဟု ကြွေးကြော်ရင်း ဘဝနေ့ရက်တွေကို မာန်တင်းလာခဲ့တော့သည်။~*~
"Ge...အပြင်သွားတာလား"
"ဟုတ်ကဲ့ အစ်ကိုလေး"
"ကြာပြီလား"
"ဟုတ်ကဲ့ မကြာသေးဘူး။ အခုလေးတင်ပဲ"
"ဟင်း...ဘာမှလည်းမပြောသွားဘူး။ ဝမ်းနည်းလိုက်တာ။"
အိမ်တော်ရဲ့ အသည်းစိုင်လေး မျက်နှာမကောင်းသည့်အခါ အိမ်တော်ထိန်းကြီးသည် ရင်ထဲမကောင်း။
ဒီကလေးက ချစ်မွှေးလေးမို့၊ မျက်နှာလေးများ ညိုရင်ကို တစ်အိမ်လုံး ပြာယာခတ်ကြရသည်မှာ ဆယ်စုနှစ်တို့ကြာခဲ့သည်အထိ မပြောင်းလဲ။
YOU ARE READING
Be My Naughty Baby
RomanceGood boys go to heaven but Bad boys go to bedroom.... ❗Punishment type collection❗