// Recommended song for listening while reading this ep - 8 letters //
ကောင်းကင်ကြီးက ကြည်လင်ပြီး လေပြေအေးအေး လေးတွေ ဖြေးညှင်းစွာ တိုက်နေတဲ့ နေ့တစ်နေ့ ဒါမှမဟုတ် ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ လူသားနှစ်ဦးရဲ့ လှပတဲ့ ရေစက်လေး ဖြစ်ပေါ်ရာနေ့ ။
"ဒီနေ့ ရာသီဥတု ကသာယာလိုက်တာ ချယ်ရီပန်းတွေ လည်း ပွင့်နေပြီတဲ့ namsam tower ကို သွားရင်ကောင်းမလား "
သူ ခပ်မြန်မြန်ပဲ ရေမိုးချိုးပြီး မျက်နှာကို ပါးပါးလေး လိမ်းခြယ်လိုက်ပြီး လိုတဲ့ ပစ္စည်းအစုံပလုံကို ကောက် ထည့်လိုက်တယ် ။
" Ready set , go "
ဘက်စ် ပဲ စီးသွားလိုက်တော့မယ်
ဘက်စ် ပေါ် တက်တက်ချင်း သူ့မျက်လုံးက သူမပေါ်မှာ ၊
ရုပ်ရှင်ထဲက အတိုင်း
သူမ ကားရဲ့ နောက်ဆုံးခုံက ထောင့်လေးမှာ ထိုင်နေပြီး
သူမရဲ့ မျက်နှာလေး ကို နေရောင်ခြည် ဖျော့ဖျော့လေးက ထိုးနေတယ်။ လေပြေလေး တချက် တိုက်လိုက် တဲ့ အချိန်မှာ သူမရဲ့ နူးညံ့ တဲ့ ဆံနွယ်တွေက လေထဲမှာ ဝဲသွားတယ် ။ ဘယ်လောက်တောင် လှပတဲ့ မြင်ကွင်းလဲ ။
" ငါအခုလေးတင် မိန်းကလေး တယောက်ကို ကြွေသွားတာလား ? "
သူ ကဒ်ကို အမြန်ဖြတ်လိုက်ပြီး ထိုင်ဖို့ လုပ်လိုက်တယ် ။
" တစိတ်လောက် , ဒီမှာ ထိုင်လို့ ရလား မသိဘူး "
" အင်း ရတယ် "
ဆိုးလ် ကို ရောက်တာ မကြာသေးတော့ သွားသာသွား ချင်တာ ဘယ်မှတ်တိုင် မှာ ဆင်းရမှန်းမသိ ဖြစ်နေလို့ ဘေးက ကောင်မလေးကို မေးကြည့်မယ် လို့ ဆုံးဖြတ်လိုက်တယ် ။
" ဟိုလေ အားနာပေမယ့် namsam tower ကို သွားချင်ရင် ဘယ်မှတ်တိုင်မှာ ဆင်းရမလဲ မသိဘူး "
" ရှေ့သုံးမှတ်တိုင်မြောက် "
" ကျေးဇူး အများကြီး တင်ပါတယ် "
" အင်း "
ငါ စကားကို ဝတ်ကျေတန်းကျေ ပြောမိသွားလား ? ဒါပေမယ့် ငါမှ မပြောတတ်တာ ထားတော့
ဒီနေ့ ချယ်ရီတွေ ပွင့်မယ်ထင်တယ် ငါလည်း namsam tower သွားရင်ကောင်းမလား
.....
အိမ်ပြန်နောက်ကျ နေပြီပဲ
"အား ရှီ "
သွားပြီ ကော်ဖီတွေ ကောင်မလေးတယောက် ကို ပေကုန်ပြီပဲ
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် နော် တကယ် ဆောရီးပါ အရမ်းလောလော နဲ့ လျှောက်လိုက်တာ မမြင်လိုက်လို့ပါ "
"ရပါတယ်"
ဟယ် ဘက်စ်ပေါ်က ငါကြွေသွားတဲ့ တယောက်ပဲ
" ဒီလိုလုပ်ပါလား ညမ အိမ်လိုက်ခဲ့ပြီး ညမ အကျီကိုခဏလဲလိုက်ပါ စစတွေ့ချင်းလူတယောက်ကို အဲ့လိုပြောရတာ အားနာပါတယ် ဆိုင်တခုခု ဝင်ပြီး ဝယ်ပေးဖို့ အချိန်က မရတော့လို့ "
" အိုခေလေ"
.....
"ထိုင်ပါအုံး အအေးလား အပူလား"
"ရေပဲပေးပါ"
" သြော် ဟုတ်ဟုတ် "
" ဒီမှာ ရေ "
" ကျေးဇူးပါ "
အဝတ်အစား လဲဖို့ သူ့အခန်းကို ခေါ်သွားလိုက်တယ်
"အဝတ်အစားတွေက ဒီမှာပါ အမအဆင်ပြေတာသာလဲပါ"
" .... "
" ဒါနဲ့ အမနာမည်က "
"Kawaguchi Yurina"
" ကိုရီးယား လူမျိုး မဟုတ်ဘူးလား "
"အင်း ကျောင်းလာတက်တာ"
"အယ် ညမရောပဲ ညမ နာမည်က Shen Xiaoting"
"အသက် ဘယ်နှစ်နှစ်လဲဟင်"
"22"
"ရွယ်တူပဲ ဘယ်လိုခေါ်ရမလဲ"
"ယူရီနာ လို့ပဲခေါ်ပါ ဒီဘက်က တယောက်ကိုရော "
"ရှောင်ထင်း လို့ခေါ်လို့ရပါတယ်"
"အကျီလျှော်ပေးပြီးရင် ပြန်ပေးလို့ရအောင် ဖုန်းနံပါတ် ဖြစ်ဖြစ် ဆက်သွယ်စရာလေး ပေးပါအုံး"
"ယူလီနာ"
....
ရှောင်ထင်းတဲ့ ချစ်ဖို့တော့ကောင်းသား ဒါပေမယ့် ငါ အခုထိ တစုံတယောက် ငါ့ဘဝထဲ ဝင်လာဖို့ကို အဆင်သင့်မဖြစ်သေးဘူး ။
"ယူရီနာရေ ဖုန်းလာတယ်"
"ဟုတ်လာပြီ"
"ဟယ်လို ဘယ်သူလည်းမသိဘူး"
"ရှောင်ထင်းပါ အကျီလေးပြန်ပေးချင်လို့"
"သြော် ဘယ်နေရာမှာတွေ့ရမလဲ"
"ယူရီနာ အဆင်ပြေတဲ့နေရာ"
....
"ဟိုင်း ဒီမှာ ထပ်ပြီးတောင်းပန်တဲ့အနေနဲ့ လက်ဆောင်အသေးလေး ထည့်ထားတယ် ကြိုက်ပါ့မလားတော့မသိ"
ကြည့်ကြည့်လိုက်တော့ လက်ကောက်လေး ကြိုးနဲ့ချည်ရပြီး အလယ်မှာဖန်လုံးလေး ဖန်လုံးလေးထဲမှာ ပန်းပွင့်လွှာလေး တလွှာ ။
"ကြိုက်ပါတယ် လှလိုက်တာ"
"ယူရီနာက ပိုလှတာ"
"အမ်"
"အာ ဘာမှမဟုတ်ဘူး"
"ဒါနဲ့ အထဲက ဘာပန်းလေးလဲဟင်"
"Forget me not "
"သူ့ရဲ့ အဓိပ္ပါယ်ကိုသိလား ဘယ်တော့မှ မသေဆုံးတဲ့ အချစ်စစ်တဲ့"
"ဒါနဲ့ တခုလောက် တောင်းဆိုလို့ရမလားဟင် "
" ဘာများလဲ "
" ယူရီနာ နဲ့ ခင်ချင်တယ် "
"...."
"ယူရီနာ"
"ဟူး"
"အိုင်က ခင်ဖို့ မကောင်းဘူး"
YOU ARE READING
FATE || XIAORINA ||