📻ရေဒီယိုကမာရွတ်📻

1.1K 83 17
                                    

{Unicode}

"ဟိုဘက်အိမ်က
ညတိုင်း ညတိုင်း
စာအကျယ်ကြီးကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ်
အို ရေဒီယိုကမာရွတ်ရေ
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့
ဆုတောင်းပေးမယ့် သူတွေရှိတယ်
အို ရေဒီယိုကမာရွတ်ရေ....''

ကျူးရင့်သိပ်သည်းမခံနိုင်တော့ပါ အဲ့ကီးကြောင်နေတဲ့ဂီတာနဲ့အိမ်ဘေးမှာဒီသီချင်းဆိုနေတာဒါနဲ့ဆိုသုံးရက်ရှိပြီ။
စာမေးပွဲနီးလို့စာလုပ်ရပါမယ်ဆို အိမ်ဘေးကဂျလေပီလိုလူက နှောက်ယှက်နေသည်။
ကျူးရင့်သည်းမခံနိုင်တဲ့အဆုံးစာအုပ်ကိုချလို့အိမ်ရှေ့သို့ထွက်လာမိသည်။

"ဒီမှာ  ဒီမှာ  ဆယ်တန်းတွေစာမေးပွဲနီးနေပြီ စာကျက်နေတယ်ဆိုတာနားမလည်ဘူးလာ အိမ်ရှေ့လာပြီး တဒေါင်...ဒေါင် တဒင်...ဒင်လာလုပ်မနေနဲ့''

"အစွာလေးရယ် ကိုယ်ကကိုယ့်အိမ်ရှေ့ဆိုတာပါဗျာ အစွာလေးအိမ်ရှေ့မှာမဆိုပါဘူး''

"ဘာဘဲပြောပြော ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ကကပ်နေတာလေ အိမ်မှာဆယ်တန်းကျောင်းသားကျွန်တော်ရှိတယ် ဆူညံနေတာစာဘယ်လိုကျက်ရမလည်း နားမလည်ဘူးလား''

"မင်းလေးကဆယ်တန်းကျောင်းသားလေးဘဲ ကိုယ်မေ့သွားတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်''

ထိုလူကသူ့ကိုပြောင်စပ်စပ်မျက်နှာနဲ့ပြောလာတာကြောင့်မျက်စောင်းထိုးကာအိမ်ထဲသာပြန်ဝင်လာလိုက်တော့သည်။

"အို ရေဒီယိုကမာရွတ်ရေ
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်
သူတွေရှိတယ်....''

"တောက်ခ်....ဒီလူ....''

"ကယ်...သားရယ်အိမ်ထဲဝင်နေ သူများကိုသွားမပြောပါနဲ့တော့ဆိုကွယ်''

"သားကဆယ်တန်းကျောင်းသားလေ စာကျက်ရအုံးမယ် အဲ့သီချင်းသံတဒေါင်...ဒေါင် တဒင်...ဒင်နဲ့ဘယ်လိုကျက်မလည်း...''

"ကဲကဲ စတိုခန်းထဲမေမေစီစဉ်ပေးမယ် ဝင်ကျက်လိုက်အခန်းလုံရင်တော့ကြားရမှာမဟုတ်ပါဘူး''

[📻​ရေဒီယိုကမာရွတ်📻] [📻ရေဒီယိုကမာရွတ်📻](BL One Short)Where stories live. Discover now