{Unicode}
"ဟိုဘက်အိမ်က
ညတိုင်း ညတိုင်း
စာအကျယ်ကြီးကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ်
အို ရေဒီယိုကမာရွတ်ရေ
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့
ဆုတောင်းပေးမယ့် သူတွေရှိတယ်
အို ရေဒီယိုကမာရွတ်ရေ....''ကျူးရင့်သိပ်သည်းမခံနိုင်တော့ပါ အဲ့ကီးကြောင်နေတဲ့ဂီတာနဲ့အိမ်ဘေးမှာဒီသီချင်းဆိုနေတာဒါနဲ့ဆိုသုံးရက်ရှိပြီ။
စာမေးပွဲနီးလို့စာလုပ်ရပါမယ်ဆို အိမ်ဘေးကဂျလေပီလိုလူက နှောက်ယှက်နေသည်။
ကျူးရင့်သည်းမခံနိုင်တဲ့အဆုံးစာအုပ်ကိုချလို့အိမ်ရှေ့သို့ထွက်လာမိသည်။"ဒီမှာ ဒီမှာ ဆယ်တန်းတွေစာမေးပွဲနီးနေပြီ စာကျက်နေတယ်ဆိုတာနားမလည်ဘူးလာ အိမ်ရှေ့လာပြီး တဒေါင်...ဒေါင် တဒင်...ဒင်လာလုပ်မနေနဲ့''
"အစွာလေးရယ် ကိုယ်ကကိုယ့်အိမ်ရှေ့ဆိုတာပါဗျာ အစွာလေးအိမ်ရှေ့မှာမဆိုပါဘူး''
"ဘာဘဲပြောပြော ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ကကပ်နေတာလေ အိမ်မှာဆယ်တန်းကျောင်းသားကျွန်တော်ရှိတယ် ဆူညံနေတာစာဘယ်လိုကျက်ရမလည်း နားမလည်ဘူးလား''
"မင်းလေးကဆယ်တန်းကျောင်းသားလေးဘဲ ကိုယ်မေ့သွားတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်''
ထိုလူကသူ့ကိုပြောင်စပ်စပ်မျက်နှာနဲ့ပြောလာတာကြောင့်မျက်စောင်းထိုးကာအိမ်ထဲသာပြန်ဝင်လာလိုက်တော့သည်။
"အို ရေဒီယိုကမာရွတ်ရေ
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်
သူတွေရှိတယ်....''"တောက်ခ်....ဒီလူ....''
"ကယ်...သားရယ်အိမ်ထဲဝင်နေ သူများကိုသွားမပြောပါနဲ့တော့ဆိုကွယ်''
"သားကဆယ်တန်းကျောင်းသားလေ စာကျက်ရအုံးမယ် အဲ့သီချင်းသံတဒေါင်...ဒေါင် တဒင်...ဒင်နဲ့ဘယ်လိုကျက်မလည်း...''
"ကဲကဲ စတိုခန်းထဲမေမေစီစဉ်ပေးမယ် ဝင်ကျက်လိုက်အခန်းလုံရင်တော့ကြားရမှာမဟုတ်ပါဘူး''
YOU ARE READING
[📻ေရဒီယိုကမာ႐ြတ္📻] [📻ရေဒီယိုကမာရွတ်📻](BL One Short)
Romantik(BL OC One Short) 28.9.2021 ရေဒီယိုကမာရွတ်သီချင်းလေးကိုနားထောင်ရင်းကနေOne Shortလေးဖန်တီးလိုက်ပါတယ်။ One Shortမိုလို့အရမ်းပေါ့သွားရင်ဧကရီရဲ့အားနည်းချက်သာဖြစ်ပါတယ်။❤