ကျောင်းခေါင်မိုးထပ်ရောက်တိုင်း ယန်ယွီထန်တွေးမိတာရှိတယ်။ ဒီအမြင့်လောက်ကနေခုန်ချရင် အောက်ရောက်တဲ့အခါ ဘယ်လိုနေမလဲလို့ပေါ့။ ရုပ်ရှင်တွေထဲမှာတော့ မှောက်ခုံကျပြီး သွေးတွေရဲခနဲဖြာသွားကြတာပဲ။ ယန်ယွီထန်တစ်ချက်ပြုံးပြီး လက်ကြားထဲကစီးကရက်ကိုပါးစပ်နားတေ့လိုက်တယ်။ အသက်မပြည့်သေးပေမယ့် အသက်မလို ငွေပါရင်ရပြီဆိုတဲ့ဆိုင်တွေပေါတယ်လေ။ စီးကရက်အငွေ့တွေကို အဆုတ်ထဲအပြည့်ရှုသွင်းလိုက်တော့ လူကနည်းနည်းနေလို့ကောင်းသွားတယ်။ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေထဲမှာ အဆင်မပြေမှုတွေပါသွားရင်ကောင်းမယ်။ ကောင်းကင်ကိုမော့ကြည့်တော့မလှမ်းမကမ်းမှာ ပျံနေတဲ့ငှက်တွေကိုသူတွေ့တယ်။ သူ့မှာရော မပျံရသေးတဲ့တောင်ပံတစ်စုံရှိနေမလားပဲ။ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် မိမိရရပျံသန်းကြည့်ချင်တဲ့တစ်နေ့ ဒီပေါ်ကနေခုန်ချဦးမယ်.....
********
"ရို့ ဘယ်သူများလဲလို့ ကြာကူလီကောင်လေး ယန်ယွီထန်ပါလား...."
ချီးပဲ....
ယန်ယွီထန်တိတ်တိတ်ကြိတ်ဆဲလိုက်တယ်။ ဒီနေ့တော့ အေးအေးချမ်းချမ်းအိမ်ပြန်ချင်ပေမယ့် ကံကြမ္မာက မျက်နှာသာမပေးဘူးပဲ။ သူ့ရှေ့မှာရပ်နေတဲ့ကောင်ကို ယန်ယွီထန်ကြည့်လိုက်တယ်။ ဟိုနေ့ကတစ်ခါရန်လာစသေးတယ်။ အဲ့ကောင်ကြိုက်နေတဲ့ကောင်မလေးက သူ့ကိုလာဖွင့်ပြောလို့တဲ့။ ဒီကောင်က စောက်ရမ်းကလေးဆန်တာ။ အဲ့နေ့က ခွေးပြေး၀က်ပြေးပြေးလိုက်ရတော့ ဒီနေ့အုပ်လိုက်ခေါ်ချလာတာပဲ။ လက်ထဲမှာတုတ်ကိုယ်စီနဲ့။ ယန်ယွီထန် လက်ကောက်၀တ်တွေကိုလှည့်ရင်း အကြောလျှော့လိုက်တယ်။ ကြည့်ရတာ ရန်ပွဲကရှောင်လို့မရတော့တဲ့ပုံပဲ။အများနဲ့တစ်ယောက်ဖြစ်နေတော့ အင်အားကမမျှ။ ငယ်ငယ်ထဲက ရန်ပွဲတွေနဲ့ကြီးလာတဲ့ယန်ယွီထန်ကိုလည်း ဒီကောင်တွေမနိုင်။ နှစ်ဖက်လုံးအထိနာနေကြပြီ။
"ဟေ့ ကလေးတွေ တော်ကြတော့...."
ယန်ယွီထန်အသံလာရာကို လှည့်ကြည့်တော့ လက်ဆွဲအိတ်ဆွဲထားတဲ့ သက်လတ်ပိုင်းလူတစ်ယောက်။ သူအာရုံပျက်သွားတုန်း နောက်ကကောင်က ၀င်ရိုက်တယ်။ ကျောဘက်ကအောင့်ခနဲ။ သူလှည့်ပြီးဆွဲထိုးလိုက်တော့ ဟိုကောင်တုန်းခနဲလဲသွားတယ်။ ချက်ကောင်းမိသွားပုံပဲ။ နောက်ကကျန်တဲ့ကောင်တွေကို ဆောင့်ကန်ထုတ်လိုက်တယ်။ နောက်ဆုံးတော့ ဟိုငတုံးတစ်ကောင်ပဲကျန်တော့တာ။ အဲ့ကောင်ရဲ့ကြောက်လန့်နေတဲ့မျက်လုံးတွေကိုကြည့်ပြီး သူရယ်ချင်တယ်။ မပိုင်ပဲကျားမြီးလာဆွဲတဲ့ ရလာဒ်ကဘယ်လိုလဲဆိုတာပြပေးလိုက်ဦးမယ်။ သူ အဲ့ကောင်မျက်နှာတည့်တည့်ဆီ လက်သီးကိုပစ်သွင်းလိုက်တယ်။
YOU ARE READING
When We Are In Love(one shot)
Fanfictionအချိန်တွေပြောင်းတယ် နှစ်တွေဟောင်းသွားတယ် ငါတို့ရဲ့အချစ်တွေကတော့သစ်လွင်နေဆဲ -ငါတို့ချစ်မိသွားတဲ့အခါ-