^^Why not me^^part6

83 8 0
                                    

ထမင်းစားဝိုင်းတွင်...
Joon::ထယ်လေးဒီနေ့ကျောင်းမှာဘယ်လိုလဲ..သူငယ်ချင်းအသစ်တေရောရနေပြီလား..ဟင်

Tae::ဟုတ် အဆင်ပြေပါတယ်ဦး..သူငယ်ချင်းကတော့မရသေးပါဘူး...ကျောင်းစတတ်တဲ့နေ့မို့တူတယ်😅

Jungkookနဲ့ကလဲသူငယ်ချင်းအဆင့်ထိမရောက်သေးဘူးလေ..အသိတယောက်အနေနဲ့ပဲသိသေးတာ...အာ့ကြောင့်ဦးကိုသူငယ်ချင်းမရသေးဘူးလို့ပဲပြောလိုက်တယ်...

Joon::အင်းပါ..အဆင်မပြေတာရှိရင်ပြောနော်ထယ်..ဦးအကုန်စီစဥ်ပေးမယ်..

Tae::ဟုတ် ဦး..

Joon::အော်ဒါနဲ့ ထယ်လေး... နောက်တပတ်ဒေါ်လေးပြန်လာမယ်တဲ့...

Tae::ဟင်..ဒေါ်လေးကဘယ်ကပြန်လာမှာ..အိမ်မှာပဲမဟုတ်ဘူးလား...

Joon::အော်ဟုတ်သားပဲ....ကိုယ်ထယ်လေးကိုပြောစရာရှိတယ်..ထယ့်ဒေါ်လေးကိုဒီကိုခေါ်မလာတာ ဆေးကုဖို့..Americaကိုပို့ထားလိုက်တာပါ..ဒေါ်လေးကထယ်လေးကိုမပြောပါနဲ့ဆိုလို့ကိုယ်မပြောပြတာပါ...

Tae::အော်..အင်းပါ..ဒေါ်လေးနေပြန်ကောင်းလာမှာပဲ...ထယ်ဝမ်းသာပါတယ်...အာ့ဆိုထယ်အပေါ်တက်တော့မယ်နော်...

Joon::ဟင် ထယ်  အစားနည်းလိုက်တာ စားမကောင်းလို့လား...

Tae::မဟုတ်ပါဘူးဦးရဲ့...စားကောင်းပါတယ်..ထယ်ပင်ပန်းနေလို့စောစောနားချင်လို့ပါ....

Joon::အင်းပါ....အာ့ဆိုလဲသွားနားတော့လေ

Tae::ဟုတ် ဦး..

ထယ်ပြောပြီးအပေါ်တက်လာလိုက်သည်..ဒီနေ့ကျောင်းတတ်တာပင်ပန်းလို့နဲ့တူပါတယ်..တနေကုန်အလုပ်လုပ်တာတောင်မပင်ပန်းတဲ့သူကကျောင်းတက်မှပင်ပန်းတယ်တဲ့ကွာ..လူကြားလို့တောင်မကောင်းဘူး😄...ထယ်သူ့ဟာသူပြောပြီးသူ့ဟာသူသဘောကျကာ...တချက်ပြုံးလိုက်မိသည်...နောက်တော့အိပ်ယာဝင်ကာမီးပိတ်ပြီးအိပ်လိုက်တော့သည်....

-----------------------------
At Morning❇❇❇✳⚜✴♨

Joon::ထယ်နိုးလာပြီလား...

Tae::ဟုတ်ဦး....ကျတော်ဒီနေ့မနက်စာမစားတော့ဘူးနော်ဦး..ကျောင်းရောက်မှဝယ်စားလိုက်တော့မယ်....

Why  Not MeWhere stories live. Discover now