အခန်း (၁)

1.1K 103 4
                                    

အမှောင်ညတို့သည် အဆုံးမရှိသည့် အချိန်တို့အား ပျောက်ဆုံးစေသလော

မြူခိုးမှိုင်းသော ကောင်းကင်ယံဆီမှ လရောင်ပျပျနှင့်ထာဝရတည်မြဲနေတော့မည့်သယောင် အမှောင်ထုသည် နေလုံးကြီးအား စောင့်မျှော်နေသလော

ဗလာနိတ္တိ ကမ်းခြေထက်က ရွှေရောင်လက်သော သဲနုနုနှင့် တလက်လက်တောက်သော လှိုင်းလုံးကြီးများသည် ရွှင်မြူးသည့် မိုးကုပ်စက်ဝိုင်း စတင်ရာကို ကိုယ်စားပြုသလော

တင့်တယ်သော နေထွက်ချိန်တိုင်းမှာ ကျန်ရစ်သော လမင်းငယ်ရှိခဲ့သည်ကို မေ့ပျောက်နေကြသလော

..........................................

ဆောင်းဦးမရောက်ခင် သြဂုတ်လသည် တောင်ကိုးရီးယားနိုင်ငံတွင် အပူပြင်းဆုံးလဖြစ်သည်

ကြွေလွင့်ဖို့ရာ ပြင်ဆင်နေလျက်ရှိသည့် သစ်ပင်ထက်မှ ရွက်ရင့်တို့သည် ဝါကျင့်ကျင့်အရောင်သို့ ကူးပြောင်းစပြုနေပြီဖြစ်သော်လည်း နှုတ်ဆက်စွန့်ခွာရန် ကြောက်​ရွံနေသေးသယောင် သစ်ကိုင်းခြောက်တို့အား အတင်းတွယ်ကပ်လို့ထားသည်

သို့သော်ငြား အချိန်မတန်ခင် စွန့်ခွာသွားသော ရွက်ဝါများလည်းရှိသည်
တရားခံသည်ကား ညာတာခြင်းမဲ့စွာ တိုက်ခတ်ပါသော လေကြမ်းကြမ်းသာ ဖြစ်သည်

"အာ အိုက်လိုက်တာ"

လက်ထဲရှိ ရေငွေ့ပျံနေသော အအေးဘူးတစ်ဘူးကို ဖောက်လိုက်ရင်း ညည်းညူမိသည်
အနီးမှာ ထိုင်နေသောသူသည်တော့ တိတ်ဆိတ်ခြင်းအတိနှင့် ပူအိုက်ခြင်းအား အံတုနေဟန်ရသည်

"အထက်တန်းရဲ့ နောက်ဆုံးနွေရာသီတဲ့လား"

"ဘောမ်ဂယူ"

တစ်ကိုယ်တည်း ညည်းတွားနေခြင်းအား နာမည်တစ်လုံးခေါ်ကာ ရပ်တန့်ပစ်သည့် သူသည် လည်စတောက်ထက်မှ မရှည်တရှည် ဆံနွယ်တို့ကို လက်ညိုးရှည်နှင့် မထိတထိ ဆော့ကစားနေခဲ့သည်

"တက္ကသိုလ်ဝင်ခွင့်အတွက် အဆင်ပြေရဲ့လား?"

"အင်း ဝင်ခွင့်စာမေးပွဲဖြေဖို့အတွက်တော့ လျှောက်ထားပြီးပြီ ကျန်တဲ့အပိုင်းက ငါ ကြိုးစားဖို့ပဲလိုတော့တာ...ဝင်ခွင့်ကျသွားခဲ့ရင် အိမ်ကတော့ လက်လျှော့ပြီး သူတို့စီးပွားရေးကိုပဲ ဆက်လုပ်တဲ့ ပြောနေသေးတယ်"

𝙷𝙸𝙽𝙾𝙳𝙴 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Where stories live. Discover now