ရုပ်ရှင်ဇာတ်လမ်းတို့ကို ကြိုက်သည်
ဇာတ်ဆောင်မင်းသားမင်းသမီးတွေရဲ့ တင့်တင့်တယ်တယ် အဝတ်အစားတွေကို ကြိုက်သည်
အမျိုးမျိုးသော လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေ ကို လေ့လာရတာ ကြိုက်သည်
အသစ်အသစ်သော ရှူခင်းတွေ ဆန်းကျယ်သော မြင်ကွင်းတွေအား မြင်တွေ့နိုင်ခြင်းကိုကြိုက်သည်
အထူးသဖြင့် ပုံမှန်မဟုတ်ဘဲ စွန့်စားမှုတွေ ပြည့်နှက်နေတဲ့ ဘဝကိုကြိုက်သည်
..........................................
တဖြူးဖြူး တိုက်ခတ်နေသော ပင်လယ်လေကြမ်း၏ အငြိုးကြီးမှုသည် လှိုင်းလုံးကြီးများအား မတန်တဆကြီးမားစေသည်
ညို့မှိုင်းမှိုင်းကောင်းကင်ယံအောက် ငြီးစည်စည် လှိုင်းခတ်သံတို့နှင့် ဆန့်ကျင်စွာ ရွှင်မြူးနေခဲ့ပါသော ဖြူဖြူစင်စင် ကလေးငယ်နှစ်ဦးရှိခဲ့သည်
ကလေးငယ်နှစ်ဦး၏ အလယ်တွင်တော့ ခပ်ရွဲ့ရွဲ့ သဲအိမ်ငယ်သည် လေတစ်ချက်တိုက်လိုက်လျှင်ပဲ လှဲပြိုတော့မည့်အတိုင်း ဖြစ်တည်နေခဲ့သည်
သို့ပေမယ့် ကလေးငယ်နှစ်ဦး၏ မျက်လုဲးထဲတွင်တော့ အားကြိုးမာန်တက် တည်ဆောက်ထားရပါသော သဲပုံလေးသည် ရဲတိုက်သဖွယ် ဝံ့ထည်နေခဲ့ပါ၏"ကြီးလာရင် ဒီရဲတိုက်ကြီးမှာ အတူတူနေကြမယ်နော် ထယ်ဟွန်း"
"မရဘူးလေ"
ငြင်းဆန်လိုက်သောအခါ ငိုမဲ့မဲ့ကလေး ဖြစ်သွားခဲ့ရှာသော ကောင်လေးသေးသေးသည် သူ့ထက် လပိုင်းမျှကြီးသော်ငြား ကာကွယ်ပေးရမည့် အနူးညံ့ဆုံး ဖြစ်တည်မှုတစ်ခုအဖြစ် ရင်ဘတ်ထဲတွင် ရှိခဲ့သည်
"ဘာလို့မရတာလဲလို့"
"ကြီးလာရင် လက်ထပ်တဲ့သူနဲ့ အတူတူနေရမှာပေါ့ ဂယူရဲ့"
"ဒါဆို ထယ်ဟွန်းက ငါ့ကို လက်ထပ်ပေါ့"
"ဂယူက ငါ့သတို့သမီးလုပ်မှာလား?"
"အာ မိန်းကလေးတော့ လုပ်ချင်ပါဘူး"
"ဒါဆို ငါကလုပ်ရမှာလား?"
နှုတ်ခမ်းလေးကို ထှော်လျက် အသည်းအသန် တွေးတောနေခဲ့ပါသော ကောင်လေးအား အမြတ်တနိုး ငေးကြည့်နေခဲ့သည့် ကောင်လေးတစ်ယောက်ရှိခဲ့သည်
YOU ARE READING
𝙷𝙸𝙽𝙾𝙳𝙴 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )