Arc-2.6 Unicode

3.7K 323 23
                                    


ယန်ရှန့် ခွေးပေါက်လေးကလွယ်လွယ်နဲ့ စိတ်ဆိုးမပြေလို့ တော်တော်လေးချော့လိုက်ရသည်။မနေ့ကနေစပြီးစိတ်ဆိုးလိုက်တာ ဒီမနက်ကျောင်းရောက်တဲ့ထိပင်။ခုချိန်ထိလည်းစိတ်ဆိုးမပြေသေးသောခွေးပေါက်လေးကြောင့် လူကဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

ထိုက်ယန်ရှန့် - " သွဲ့သွဲ့ .....စိတ်ဆိုးပြေပီလားဟင် "

Host - " ဟူး.... အီးမို့ဒါပဲမေးနေရတာလား "

^^ ချော့မယ်ဆိုလည်း...ဒီမေးခွန်းပဲမေးမနေနဲ့လေ...ဇာတ်လိုက်ကောင်ရေ...အဲ့ဒါကြောင့်...မင်းစော်မရတာ ^^

မ​နေ့ထဲကဒီမေးခွန်းပဲမေးနေသော ဇာတ်လိုက်ကောင် ကြောင့် ဒေါသကအခြေအနေမဟန်တော့ အချိန်မရွေး ပေါက်ကွဲတော့မလိုပင်ဖြစ်နေသည်။
.......
မနေ့ကအိမ်ပြန်ရောက်ချိန်

ထိုက်ယန်ရှန့် - " သွဲ့သွဲ့ .....စိတ်ဆိုးပြေပြီလားဟင် "

Host - " ပြေသေးဘူး "

ရေချိုးချိန်

ထိုက်ယန်ရှန့် - " သွဲ့သွဲ့ ....စိတ်ဆိုးပြေပြီလားဟင် "

Host - " ပြေသေးဘူး "

အိပ်ချိန် မနက် 2နာရိိီ

ထိုက်ယန်ရှန့် - " သွဲ့သွဲ့ .....စိတ်ဆိုးပြေပြီလားဟင် "

ယန်ရှန့် သွဲ့သွဲ့ကို နှိုးပြီးမေးလိုက်သည်။

Host - " ဂါးးးး.... ဘာလဲ.... မပြေသေးဘူး "

မနက်စာစားချိန်

ထိုက်ယန်ရှန့် - " သွဲ့သွဲ့ .....စိတ်ဆိုးပြေပြီလားဟင် "

Host - " အွန့်....မပြေသေးဝူး...အွန့်...ရေ...ရေ "

( အစာနင်သွား )

.......

Host - ^^ မပြေသေးဘူးပြောလို့ ညှိးငယ်သွားတဲ့...ဇာတ်လိုက်ကောင်မျက်နှာကို...ပြေးပြီးတော့...ငါးချက်လောက်ဆင့်ရိုက်ပစ်ချင်လိုက်တာ...မနေ့ကထဲက အိပ်ကောင်းချင်းမအိပ်ရ..စားကောင်းချင်းမစားရနဲ့...စိတ်ဆိုးမိတဲ့ကိုယ်ကိုကိုယ်တောင်...မှားတယ်လို့ခံစားနေရတယ်...ဟင်း^^

လန်ရှီးအာ - " ဟို.... မနေ့တုန်းကအကိုတို့.....ရှိီးအာနဲ့မုန့်လိုက်စားပါလားဟင် "

system one o six(106) S -1 ( Z &U )Where stories live. Discover now