[ Unicode ]
(Spoil Alert 🔴🔴/This story is based on the love story of Queen Haley, which I read about. So if you know the story and do not want to continue reading it, go back the way you came.What I am writing now is different from the original story and the ending. If you want to read more, it is up to you.)
_______________________________________
ဇာတ်လမ်းလေးရဲ့အစက ရင်နာစရာသိပ်ကောင်းတယ် ဒါဆိုရင် အဆုံးသတ်ကရော ပျော်ရွှင်စရာကောင်းခဲ့ရဲ့လား...
သမိုင်းမှာအရက်စက်ဆုံးဖြစ်ခဲ့တဲ့ ဘုရင်ကြီးရဲ့အချစ် ရေးအကြောင်း တူးဆွကြည်လိုက်ရအောင်....
_
1890နှောင်းပိုင်းမှာတော့ တစ်ဖြည်းဖြည်းတိုးတက်ပြောင်းလဲလာမှုတွေများစွာထဲမှ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ်ကလဲ ပြောင်းလဲမှုတစ်ရပ်အနေနဲ့ပါ၀င်ခဲ့တာဖြစ်တယ်။ ဘုရင်စနစ်ကနေ သမ္မတစနစ်အဖြစ်မအုပ်ချုပ်ခင် B city ရဲ့နောက်ဆုံးသောမင်းဆက်က ရှောင်းမင်းဆက်ဖြစ်တယ်။
ဒီနေ့နန်းတော်ထဲမှာရှိတဲ့ လူတိုင်းက ဟိုဟိုသည်သည်ပြေးလွှားလို့အလုပ်များနေကြတယ်။ အကြောင်းအရင်းကတော့ သူတို့ရဲ့ အိမ်ရှေ့စံမင်းသားလေးရဲ့ နန်းတက်ပွဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ပင်။ ပြည်သူတွေကလဲ မင်းသားလေးရဲ့နန်းတက်ပွဲကို ပါ၀င်ဆင်နွှဲခွင့်ရတဲ့အတွက် ပျော်ရွှင်နေကြတယ်။