(Zawgyi)JJK X KTH (One shot)
'IF' (အကယ်၍သာ..)
တိမ်မဲများဖြင့် အုံ့မှိုင်းနေသော ကောင်းကင်ကို ကြည့်လိုက်ခြင်းဖြင့် ဒီနေ့မိုးရွာမည်ဆိုတာ သေချာနေသည်...။
လေးလံထှိုင်းမှိုင်းနေသောရာသီဥတုနှင့်မလိုက်ဖက်စွာ သူ၏ စိတ်မှာတက်ကြွနေ၏...။အကြောင်းမှာဒီနေ့သူ၏ ခံစားချက်များကိုဖွင့်ပြောမည့်ရက်ဖြစ်နေသည်...။ ထိုသူမှာသူ၏ သူငယ်ချင်းဖြစ်တာကတစ်ကြောင်း၊ ယောက်ျားလေးဖြစ်သည်ကတစ်ကြောင်းမို့ စိတ်လှုပ်ရှားနေမိပြန်သည်။
တုန်ရီနေသောလက်ချောင်းများထိလိုက်မိသော content လေးတစ်ခုက...
*TAE*
****************
""... ငါ..မင်းကိုချစ်တယ်..ထယ်.. ""
"" အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ ဂျောင်ဂု..""
တိတ်ဆိတ်ပြီးလူရှင်းနေသောပန်းခြံထဲတွင်စကားပြောနေသောကောင်လေးနှစ်ယောက်...
"".. ဒါမဖြစ်နိုင်ဘူးဆိုတာမင်းမသိဘူးလား...""
""..ဒါပေမယ့်..ထယ်ယောင်း...""
""တောင်းပန်ပါတယ်... ငါ.. ငါလက်မခံနိုင်ဘူး...""
စကားကိုယတိပြတ်ပြောကာသူ့ရှေ့မှထွက်သွားတဲ့ထယ်ယောင်း... ကျန်ခဲ့သူမှာတော့မျက်ရည်များဖြင့်..
သူငြင်းမယ်ဆိုတာအစကတည်းကသိနေပေမဲ့လဲ...ချစ်မိတဲ့စိတ်ကြောင့်ဆန္ဒစောကာဖွင့်ပြောလိုက်မိတဲ့ကိုယ့်ကိုကိုယ်ဘဲအပြစ်တင်မိသည်..။မိုးရေတွေစိုရွှဲနေတဲ့ လမ်းမထက်မှာရပ်နေတဲ့ ကောင်လေးကတော့ မိုးရေများနဲ့အတူ မျက်ရည်များရွာသွန်းနေတော့တယ်.....။
****************
"".. ငါလက်ထပ်တော့မယ်ဂျောင်ဂု..."
""umm? တကယ်ပြောနေတာလား?""
"" ဟုတ်တယ်။ ငါ့ရဲ့ချစ်သူ Mira နဲ့လေ..""
"Aww......"
~~~~
ဂျောင်ကုရဲ့ရှေ့မှာ သူ့ရဲ့ချစ်ရတဲ့သူလေးနဲ့ရပ်နေပါသောကိုထယ်ယောင်း...
ကိုယ်ချစ်တဲ့သူက သူချစ်တဲ့ကောင်မလေးနဲ့လက်ထပ်တော့မယ်တဲ့လေ..။
YOU ARE READING
'IF' (အကယ်၍သာ..)
Short StoryJJK x KTH //Oneshot// ရှေးဦးစွာထွက်သွားသော ကောင်လေးနှင့် နောင်တတရားများနှင့်ကျန်ခဲ့သော ကောင်လေး.. {Zawgyi&Unicode}