Chapter - 2

1.8K 289 7
                                    

[UNICODE]

(တုဝေကန်း)

ချူပိုင့်စိတ်ထဲ၌ အလွန်ရှုပ်ထွေးစွာခံစားလိုက်ရ၏။

တုဝေကန်းက သူ့နှလုံးသားထဲမှာ ရန်သူအဖြစ်ပဲ အမြဲရှိနေခဲ့တယ်ဆိုတာ သိသင့်တယ်! အမြဲတမ်း ကျောက်တုံးလို အေးစက်ပြီးမာကျောနေခဲ့တဲ့ ဒီလူက တကယ်တမ်းတော့.....အချစ်ရူးတစ်ယောက်တဲ့လား?

"အား...ပိုင်ပိုင်....."

"ပိုင်ပိုင် မင်းကအရမ်းအံ့ဩဖို့ကောင်းတာပဲ...အမ်း.."

ညဉ့်နက်လာတာနဲ့အမျှ အခန်းသည်လည်းတိတ်ဆိတ်လာခဲ့သည်။ တုဝေကန်းက တဖက်ကုတင်ပေါ်မှ အသံဖွဖွလေးထွက်နေခဲ့ပြီး မကြားနိုင်တဲ့အသံတစ်ခုသာထုတ်သော်ငြားလည်း ချူပိုင်အတွက်မူ အသံကကျယ်လောင်ပြီး စိတ်ထဲ၌ ပဲ့တင်သံထပ်နေပါ၏။

ချူပိုင် စောင်ထဲ၌ ပုန်းကွယ်လိုက်ပြီး မျက်နှာမှာလည်း နီရဲနေခဲ့တယ်။ အဲ့ဒါက သူရှက်နေတာကြောင့်မဟုတ်ဘဲ ဒေါသထွက်လွန်းတာကြောင့်ပင်။ ဒီသောက် တုဝေကန်းကတော့ အာသာဖြေနေတာတောင်မှ သူ့အကြောင်းကို တကယ်စဉ်းစားနေတာပဲ!

ထပ်ပြီး အရေးကြီးဆုံးကတော့ တုဝေကန်းကသူ့ကိုတကယ်ကြီး အပေါ်ကလုပ်ချင်နေတာ! ငါ..ချူပိုင်...ဒုတိယသခင်လေးချူက ဘာလို့အောက်ကတစ်ယောက်ဖြစ်ရမှာလဲ!

ချူပိုင် အမြန်ထသွားချင်တဲ့ဆန္ဒကို အတင်းချုပ်တည်းထားလိုက်ပြီး သူ့ကိုယ်သူအိပ်ပျော်စေရန် ကြိုးစားလိုက်ရတယ်။ မနက်ဖြန်...မနက်ဖြန် သူ့ကိုသင်ခန်းစာပေးပြီး ဒုတိယသခင်လေးချူအကြောင်းကို တစ်ယောက်မှစိတ်ကူးယဉ်လို့မရဘူးဆိုတာ တုဝေကန်းသိအောင်လုပ်ပစ်မယ်!

တုဝေကန်းကျဆုံးခြင်းကို သူ့ဘဝရဲ့အဆုံးစွန်သောပန်းတိုင်အဖြစ် အစဉ်အမြဲမှတ်ယူထားတာကို သတိရလိုက်မိပြီး ချူပိုင် သူ့ဦးနှောက်ထဲကိုရေတွေဝင်သွားတာကြောင့်များ ချွတ်ယွင်းဖို့အကြောင်းဖြစ်လာတာလားလို့ မတွေးဘဲမနေနိုင်တော့ချေ။ မဟုတ်ဘူး...အဲ့ဒါမမှန်ဘူး။ အဲ့ကောင်က ဒါကိုကောင်းကောင်းဖုံးကွယ်ထားတယ်ဆိုတာ သိသာနေတာပဲလေ! သူသာ လှည့်စားခံရတဲ့သူပဲ__ထိုအကြောင်းအရာတွေကို စဉ်းစားရင်း ချူပိုင်တစ်ဖြည်းဖြည်း အိပ်မောကျသွားပြီး သွေးမျက်ရည်ကျခဲ့ဖူးသော အတိတ်ဆီသို့အိပ်မက်မက်ခဲ့လေသည်။

MEASLM [MM Translation] [COMPLETED]Where stories live. Discover now