(Zawgyi)
ဟာ ပြောဖို့မေ့နေတာဘဲ။ ထိုကောင်လေးနာမည်က Mark Yi En Tuanတဲ့။ နာမည်လေးက ချစ်ဖို့ကောင်းသလို လူကလဲ အတိုင်းအစမရှိ ချစ်ဖို့ကောင်းသည်။ ကျွန်တော်ကတော့ Yi Enလို့ဘဲ ခေါ်ချင်တယ်၊ ချစ်ဖို့ကောင်းတယ်မလား။
နေ့တိုင်းသွားသော်လည်း မဆုံဖြစ်သည်ကား အခြားမဟုတ်။ ကျွန်တော်ဟာ နေ့လည်ဘက်ကို သွားလည်ဖြစ်တော့ သူအလုပ်သွားသည့်အချိန်နဲ့ဘဲ ဆုံနေတတ်သည်။ မျက်နှာလေးတောင် သေချာမမြင်ဖြစ်၊ တကယ်ဘဲ သူ့ကို တွေ့ချင်နေခဲ့တာကို။
အင်း၊ ဒီနေ့တော့ ဆုံပြီပေါ့။ ကြည့်ရတာ ဒီနေ့အလုပ်မရှိဘူးထင်ပါရဲ့။ တံခါးလာဖွင့်တဲ့အခါ မြင်လိုက်ရတဲ့ မျက်နှာနုနုလေးကြောင့် အချိန်တွေတာင် ရပ်တန့်သွားသလို ခံစားနေရသည်။ လူတွေပြောကြသလို ချစ်ရတဲ့သူမျက်နှာလေးမြင်နေရရင် ထမင်းစားဖို့တောင် မေ့တယ်တဲ့။ ကျွန်တော်ကတော့ သူ့မျက်နှာလေးကို မြင်နေရမယ်ဆိုရင် အရာအာလုံးကို မေ့ပစ်ဖို့လုံလောက်သွားပြီ။ ရက်ပိုင်းအတွင်းပိုင်းမှာ သဘောကျပြီး မြတ်နိုးခဲ့မိသောလူသားငယ်က ကျွန်တော့်ရဲ့အရာရာကို အပိုင်စားပြီးနေနှင့်ပြီးလေသည်။
တံခါးဖွင့်ပြီး ကျွန်တော့်ကို မြင်လို့ အံ့သြသွားတယ်ထင်ပါရဲ့။ မျက်လုံးလေးတွေက ဝိုင်းလျက်။ ခပ်ထူထူ နှုတ်ခမ်းဖျားလေးမှ စကားသံဟာ ချိုလွင်လွင်။
"အာ ဒီက Nonnoရဲ့ မိတ်ဆွေမလား၊ ဝင်ပါဝင်ပါ၊ အဘိုးကတော့ သူငယ်ချင်းအိမ်သွားတယ်ရယ်"
ကျွန်တော်လဲ သူပြောသလို ဝင်ထိုင်လိုက်သည်။ သူနဲ့ရင်းနှီးချင်တယ်လေ။ ခဏနေတော့ သူက ကော်ဖီတစ်ခွက်နဲ့ ကျွန်တော့်ရှေ့ခုံမှာ လာထိုင်တော့သည်။ ကျွန်တော်လဲ စကားစရန်ပြင်တော့သည်။
"ဟို ဒီက Mark Yi En Tuanနော်၊ ကျွန်တော့်နာမည်က Jaebumပါ၊ အရင်နေ့တွေက မဆုံဖြစ်လို့ မိတ်မဆက်ရသေးဘူးဘဲ"
"အာဟုတ်တယ်နော်၊ အရင်ရက်က ကျွန်တော်လဲ အလုပ်လေးရှိနေတော့ ကောင်းကောင်းဧည့်မခံဖြစ်ဘူးနော်၊ အားနာလိုက်တာ"
အမှန်ပင် အားနာနေဟန်ရှိသည့် ကောင်ငယ်လေးက ထိုသို့ ဆိုလာပြန်တော့ မနေတတ်သည်မှာ ကျွန်တော်ပင်။ ထို့ကြောင့်ဘဲ သူနဲ့ပိုပြီးအတူရှိနေနိုင်တွေးထားသည့် အတွေးကို ထုတ်ပြောဖြစ်သည်။