1980 ခုနှစ်... မေလ
နွေရာသီ ကျောင်းပိတ်ရက်လေးတစ်ခု......။
သာယာလှတဲ့ မနက်ခင်းလေး တစ်ခုမှာ ကောင်လေးတစ်ယောက် ငိုနေခဲ့တယ်။
ဘာလို့ ငိုတာလဲဆိုတော့ သူ့ငှက်လေး သေသွားခဲ့လို့တဲ့။"အဟင့် ရွှတ် ဟင့်....အီး.... ရွှတ်"
"ဟေ့ကောင်လေး ဘာလို့ငိုနေတာလဲ"
"ဘယ်သူလဲ"
ငိုနေရင်းက လှည့်ကြည့်မိတော့ ကောင်လေးတစ်ယောက် ရွှေဝါရောင် ဆံပင်အုပ်လေးက လေးပေါ်မှာ လွင့်နေ၏။ ရုပ်ကလည်း ဘိုဆန်သည့်ပုံ ။
ခန့် သိလိုက်ပါပြီ ဒီကောင်လေးဟာ ဖေဖေ ပြောဖူးတဲ့ကပြားလေးမှန်း။
"ဘာလို့ ငိုနေတာလဲဟင်"
ထွက်ကျလာသော မြန်မာ စကားသံဟာ အပီအသ မဟုသော်လည်း နားလည်နိုင်သည်။
"ငါ....ငါ့ ငှက်လေး..သေသွားလို့.....ရွှတ်"
"Oh ! really !? "
"ဟမ်...မင်း ဘာပြောလိုက်တာလဲဟင်"
"ohh, sorry မင်းမှနားမလည်ပဲကို ငါ့ပါးပါး
ပြောဖူးတယ် တစ်ချို့လူတေက ငါတို့ စကားကို နားမလည်ဘူးတဲ့ မင်းကော နားမလည်ဘူးလား ""အင်....အင်းး"
"အော် ဟုတ်ပါပြီ မင်းနာမည်ဘယ်လို ခေါ်လဲ"
"ငါ ...ငါ့ နာမည် ခန့်မင်းသက်"
"Wow! Your name is very cool ! "
ခန့် နားမလည်သော်လည်း ပြုံးက ပြောလာသည့် ထိုကောင်လေးရဲ့ အသံကြောင့် သူပါ လိုက်လံ ပြုံးမိသည်။
"အမ် .. မင်း နားမလည်ကကော "
"ငါလား ..... စောဒန်နီ ...တဲ့ "
____________________________
ခန့် မနက်အစောကြီး ထကာ ရွှေခဲ လေးကို မြုပ်ထားတဲ့ နေရာသို့ ထွက်လာခဲ့၏။
(ရွှေခဲဆိုတာ အပေါ်က ပြောထားတဲ့ ငှက်လေးနော် )
အိမ်နဲ့ မလှမ်းမကမ်းလေး လျှောက်လာပြီး နောက် မြေမြုပ်ထားသော သစ်ပင် နေရာသို့ ရောက်လာ၏။
ဤတွက် သစ်ပင်ကို မှီကာ မျက်လုံးများမှိတ်ကာ အိပ်နေသူတစ်ယောက် ။ အနီးကပ် ကြည့်မှ သူနဲ့ မနေ့က တွေ့ခဲ့သည့် ဟိုကောင်လေးမှန်း သိ၏။