YBWM - Unicode

744 68 13
                                    

နေသာတ့ဲညနေခင်းတစ်ခု။
တစ္ဖက္တစ္ခ်ပ္စီ သစ်ပင်ငယ်များဖြင့် စီရီနေသော
အဖြူရောင်လမ်းသွယ်လေးတွင် ဟိုလိမ်ဒီဖယ် စက်ဘီးလေးကို တွေ့ရမည်။ တစ်ချက်တစ်ချက် တီးမြည်သော ဘဲလ်သံလေးကလည်း ပတ်ဝန်းကျင်ကို နှိုးဆော်နေသည့်အလား။

သစ်ခက်စိမ်းရန့ံတို့ ကြိုင်လှိုင်သော လေပြေကလည်း တိုးညှင်းစွာ တိုးဝှေ့လျက်။

"Jin...ညေန အားလား?"
နောက်ခုံမှာ လိုက်ပါစီးနင်းရင်း မေးလိုက်၏။ ခါး၌ဖက်တွယ်ထားသော လက်တို့ကိုလည်း ပို၍တင်းကျပ်လျက်။

"Yumiနဲ့ ဒိတ်ဖို့ ချိန်းထားတာရှိတယ်။ ဘာဖြစ်လို့လဲ Seungmin?"

စကားပြောရင်း Seungmin အိမ်နားရောက်ပြီမို့ စက္ဘီးကို အရှိန်လျှော့ပြီး ဖြည်းဖြည်းချင်းရပ်လိုက်၏။ ရုတ်တရက် ဘရိတ်အုပ်လိုက်ရင် Seungmin လန့်သွားမည်ကိုလည်း စိုးပါသည်။

Seungminလည်း စက်ဘီးပေါ်မှဆင်းလိုက်ပြီး Hyunjinကို မျက်နှာချင်းဆိုင်လိုက်သည်။

"အာ..ဘာမွ မဟုတ်ပါဘူး။ ငါက ညနေရုပ်ရှင်အတူတူကြည့်မလားလို့..ထားလိုက်ပါတော့။ ငါအိမ်ထဲ ဝင်တော့မယ်။ အိမ်ကိုသေချာပြန်နော်။"

ဘာမှတောင် မတုံ့ပြန်လိုက်ရ။ ကောင်လေးက အိမ်ထဲဝင်သွားလေပြီ။

"ရုပ်ရှင်..?" တစ်ယောက်တည်း ကြားရုံမျှသာ ရေရွတ်မိ၏။
ထို့နောက် ခပ္ဖြဖြေလး ပြုံးမိပြန်သေးသည်။ ၎င်းနောက် မိမိနေအိမ်ဆီသို့ စက်ဘီးလေးဖြင့် ခရီးဆက်ရပါတော့သည်။

 ֎

Hyunjinက Yumiနဲ့သွားတွေ့မှာမို့ ရုပ်ရှင်ရုံကို တစ်ယောက်တည်းသာ ရောက်လာ၏။ ပွဲချိန်စဖို့ အချိန်လိုသေးတာမို့ အပြင်မှာရပ်စောင့်နေမိသည်။

"ရော့..ကော်ဖီ" ရုတ်တရက် မိမိဘေးတွင်ရပ်ကာ မိမိလက်ထဲ ကော်ဖီတစ်ခွက်ထည့်ပေးလာသူကို ကြည့်ရင်း မျက်လုံးပြူးသွား၏။

"Hyunjin?"

"ဒါပေါ့..ငါမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ။" အသံထွက်ရုံသာ ရယ်ရင်း ဖြေလျက်။

"မင်းပြောတော့ Yumi နဲ့ ချိန်းထားတယ်ဆို။"

"Omm..ဒိတ္ကို cancel လိုက်ပြီ။"

You Belong With Me • 황승Where stories live. Discover now