Light night dinner

378 55 10
                                    

"Late Night Dinner "

Town of Terror

Art & Story - Po_ru

ဂျော့ရှ် တစ်ယောက် တစ်နေကုန်အလုပ်လုပ်ပြီး
ဗိုက်ထဲက ဂွီ ဆိုပြီး
အသံထွက်လာတော့မှ ကိုယ့်ဟာကိုယ်
သတိထားမိသည် ။

ဒီနေ့ တစ်နေကုန် သူဘာမှ မစားရသေးပါ ။
project တွေကို deadline အမှီ
လုပ်နေရ၍ အိပ်ရေးပျက်တာလဲ
များနေပြီးဖြစ်သည်။

အပေါ်ထပ် ကုတ်အိင်္ကျီကို ဝတ်ကာ သူ့တို့
အဆောင်နားရှိ စားသောက်ဆိုင်ကို
ခက်သွက်သွက်ထွက်လာခဲ့သည် ။

ညနက်ပြီးဖြစ်၍ တစ်ချို့ ဆိုင်လေးတွေလဲ
ပိတ်လိုပိတ်နဲ့ လူတွေလဲ
ကျိုးတိုကျဲတဲ့ဖြစ်နေပြီးဖြစ်သည်။

Spring Hill မြို့လေးမှာ သာမန်မြို့ငယ်လေး
ဖြစ်တော့ တစ်ခြားမြို့ကြီးတွေလို စည်ကား
သိုက်မြိုက်နေသည်တော့မဟုတ်။

သူသွားနေကျစားသောက်ဆိုင်လေးက ပိတ်သွားပြီးဖြစ်လို့  အနီးအနားကဆိုင်တွေရှာကြည့်တော့လဲ တော်တော်များများ ပိတ်ကုန်ကြတာတွေရသည် ။

စိတ်ပျက်လက်ပျက်နဲ့ လိုက်ရှာရင်း
နောက်ဆုံး သီချင်းသံတိုးတိုးလေးထွက်နေတဲ့
ဆိုင်တစ်ဆိုင်က မီးရောင်ပျပျကို
မြင်လိုက်တော့ သူတော်တော်ပျော်သွားသည် ။
ဆိုင်မပိတ်သေးဘူး ။

ဆိုင်လေးကိုလျောက်သွားစဉ်
ရုတ်တရက် အနောက်ကနေ ဆောင့်ဆွဲခံလိုက်ရ၍ လန့်ဖြန့်သွားသည် ။

" မသွားနဲ့တော့ နောက်ကျနေပြီး "

"ဟမျ ဘာလား "

သူ့ကို အဲ့လိုပြောနေသူက သူတို့ အဆောင်
အောက်မှာ ခဏခဏ မျက်စိလည်လမ်းမှား
ရောက်လာသော Ali ဆိုသော အင်ဒီးယန်း
အဘိုးအိုကြီးဖြစ်သည် ။

ထိုအဘိုးကြီးမှာ စိတ်သိပ်ပြည့်ပုံလဲ မပေါ်ပါ ။
သူနဲ့တစ်ခါမှတော့ စကားမပြောဖူးပေမဲ့ အဆောင်မှာ ပစ္စည်းတွေ ပျောက်ရင် ဒီအဘိုးကြီးလက်ချက်ဆိုတာ လူတိုင်းသိသည် ။

ခုလဲ စကားပြောနေရင်း သူ့ဆီက
အရက်နံ့ထောင်းခနဲရသည် ။

"ဘာတွေလာပြောနေတာလဲ ဖယ်စမ်းပါ ။"

Late Night Dinner Where stories live. Discover now