"Late Night Dinner "
Town of Terror
Art & Story - Po_ru
ဂျော့ရှ် တစ်ယောက် တစ်နေကုန်အလုပ်လုပ်ပြီး
ဗိုက်ထဲက ဂွီ ဆိုပြီး
အသံထွက်လာတော့မှ ကိုယ့်ဟာကိုယ်
သတိထားမိသည် ။ဒီနေ့ တစ်နေကုန် သူဘာမှ မစားရသေးပါ ။
project တွေကို deadline အမှီ
လုပ်နေရ၍ အိပ်ရေးပျက်တာလဲ
များနေပြီးဖြစ်သည်။အပေါ်ထပ် ကုတ်အိင်္ကျီကို ဝတ်ကာ သူ့တို့
အဆောင်နားရှိ စားသောက်ဆိုင်ကို
ခက်သွက်သွက်ထွက်လာခဲ့သည် ။ညနက်ပြီးဖြစ်၍ တစ်ချို့ ဆိုင်လေးတွေလဲ
ပိတ်လိုပိတ်နဲ့ လူတွေလဲ
ကျိုးတိုကျဲတဲ့ဖြစ်နေပြီးဖြစ်သည်။Spring Hill မြို့လေးမှာ သာမန်မြို့ငယ်လေး
ဖြစ်တော့ တစ်ခြားမြို့ကြီးတွေလို စည်ကား
သိုက်မြိုက်နေသည်တော့မဟုတ်။သူသွားနေကျစားသောက်ဆိုင်လေးက ပိတ်သွားပြီးဖြစ်လို့ အနီးအနားကဆိုင်တွေရှာကြည့်တော့လဲ တော်တော်များများ ပိတ်ကုန်ကြတာတွေရသည် ။
စိတ်ပျက်လက်ပျက်နဲ့ လိုက်ရှာရင်း
နောက်ဆုံး သီချင်းသံတိုးတိုးလေးထွက်နေတဲ့
ဆိုင်တစ်ဆိုင်က မီးရောင်ပျပျကို
မြင်လိုက်တော့ သူတော်တော်ပျော်သွားသည် ။
ဆိုင်မပိတ်သေးဘူး ။ဆိုင်လေးကိုလျောက်သွားစဉ်
ရုတ်တရက် အနောက်ကနေ ဆောင့်ဆွဲခံလိုက်ရ၍ လန့်ဖြန့်သွားသည် ။" မသွားနဲ့တော့ နောက်ကျနေပြီး "
"ဟမျ ဘာလား "
သူ့ကို အဲ့လိုပြောနေသူက သူတို့ အဆောင်
အောက်မှာ ခဏခဏ မျက်စိလည်လမ်းမှား
ရောက်လာသော Ali ဆိုသော အင်ဒီးယန်း
အဘိုးအိုကြီးဖြစ်သည် ။ထိုအဘိုးကြီးမှာ စိတ်သိပ်ပြည့်ပုံလဲ မပေါ်ပါ ။
သူနဲ့တစ်ခါမှတော့ စကားမပြောဖူးပေမဲ့ အဆောင်မှာ ပစ္စည်းတွေ ပျောက်ရင် ဒီအဘိုးကြီးလက်ချက်ဆိုတာ လူတိုင်းသိသည် ။ခုလဲ စကားပြောနေရင်း သူ့ဆီက
အရက်နံ့ထောင်းခနဲရသည် ။"ဘာတွေလာပြောနေတာလဲ ဖယ်စမ်းပါ ။"
YOU ARE READING
Late Night Dinner
Korkuညဘက်ရောက်မှ ဗိုက်ဆာတတ်တဲ့သူတွေ ဆိုင်ကောင်းကောင်းလေး ရွေးတတ်ပါစေ 👀🔪 #horror