01

3.6K 159 1
                                    


နေသာတဲ့​နေ​လေးတစ်ရက်မှာ​ပေါ့
သာယာနာ​ပျော်ဖွယ်ရှိတဲ့​​ကျေးဌက်သံ​​လေး​တွေသာ​နေတယ်ထင်ရင်မှားသွားလိမ့်မည်။ကျောင်း​ခေါင်မိုးတွင်
ကျောင်းသားနှစ်​ယောက် ထိုးသတ်ရိုက်ပုတ်​နေကြသည့်အသံများဟာဆူညံလျှက်ရှိ၏။

"ဝမ်ရိ​ပေါ်....မင်းအရှုံး​ပေးလိုက်​စမ်းပါ အဟက်"

ကျန်းဝိန်လို့အမည်ရတဲ့​ခန္ဓာကိုယ်​ခပ်​ကြီးကြီးနဲ့
ကျောင်းသားကဝမ်ရိ​ပေါ်ရဲ့လည်ပင်းကိုချုပ်လိုက်ရင်း​မောဟိုက်​နေတဲ့အသံဖြင့်​ပြောလိုက်​တော့

ဝမ်ရိ​ပေါ်ကကျန်းဝိန်ရဲ့စကားကိုခပ်ဟဟရယ်လိုက်ပြီး
သွေးစို့​နေတဲ့ပါး​စောင်းကိုလျှာဖြင့်ထိုးလိုက်ကာ

"ဘယ်လို​တောင်​ခွေးစကား​ပြော​နေရတာလဲ..​.ခွေး​ကောင်ရ"

ဝမ်ရိ​ပေါ်ကကျန်းဝိန်ရဲ့​ခြေ​ထောက်ကိုတင်နင်းကာ
ကျင်းဝိန်အငိုက်မိသွားတဲ့အချိန်တွင် ကျန်းဝိန်ရဲ့
လက်ကို လိမ်လိုက်သည်။

ထိုအချိန်မှာ တစ်ပြိုင်နက်
ဝုန်း ဆိုသည့်တံခါးဖွင့်သံနဲ့အတူလူကြီးတစ်​ယောက်ရဲ့
ဆဲဆိုသံများဟာထွက်လာသည်။

"​ခွေး​ကောင်​တွေ...စာမသင်ပဲဒီမှာ
ဘာလာလုပ်​နေကြတာလဲ!!!"

ထိုသူကား သူတို့​ကျောင်းရဲ့အဆိုးဆုံး
စည်းကမ်းထိန်းသိမ်း​ရေးဆရာပင်းဝမ်ဖြစ်သည်။
စည်းကမ်းကလည်းကြီးသလို လက်သံကလည်း​ပြောင်လွန်းလှတယ်။

"ချီး...​သေပြီပဲ"

ရိ​ပေါ်ကကျန်းဝိန်ကိုချုပ်ထားသည်ကိုလွှတ်​ပေးလိုက်ကာ
တိုးတိုး​လေးငြီးလိုက်ခြင်း။

"မင်း....ငါနဲ့..ဆရာများနား​နေခန်းကိုလိုက်ခဲ့"

ဆရာ ပင်းဝမ်ကလက်မှာကိုင်ထားသည့်တုတ်ဖြင့်
ရိ​ပေါ်မျက်နှာတည့်တည့်ဆီတို့ ညွှန်ပြရင်း
အမိန့်​ပေးကာ ​ရှေ့က​နေထွက်သွား​တော့

"ချီးပဲ...ကျန်းဝိန်.."

"​ကောင်း​ကောင်းရိုက်ခံလိုက်ပါဦး ရိ​ပေါ်  ဟားဟား"

ကျန်းဝိန်ကရိ​ပေါ်ရဲ့ပုခုံးကိုဝင်တိုက်ကာ
ရန်စဖြစ်​အောင်စသွား​သေးတယ်။ခွေးလို​ကောင်။

𝑭𝒊𝒓𝒔𝒕 𝑳𝒐𝒗𝒆 𝑾𝒊𝒍𝒍 𝑵𝒆𝒗𝒆𝒓 𝑫𝒊𝒆Where stories live. Discover now