02

835 105 1
                                    

အရင်​ကျောင်းက အမှတ်စရင်း​တွေ​ကြောင့်
ရှောင်းကျန့်က Aခန်းကိုတန်း​ရောက်သည်။
"​ဟေ့...​ရှောင်းကျန့်...​ငါ့နာမည်ကကျန်းဝိန်
ငါတို့အဆင်​ပြေ​ပြေ​နေကြရ​အောင်"

ရှောင်းကျန့်က ထိုကျန်းဝိန်ဆိုတဲ့​ကောင်ကို
လှည့်မကြည့်ပဲစာဖတ်​နေရင်းပင် လက်ခလည်ကို​ထောက်ပြလိုက်တယ်။သူ့ဟာသူ ​ကျောင်းရဲ့ဘူလီ​ကောင် မကလို့ သမ္မတသားဖြစ်​နေပါ​စေ သူ့ကို​တော့အနိုင်လာကျင့်လို့မရဘူး။

"ဝါး....မာနခဲ​လေးပဲ..."

ကျင်းဝိန်က ပထမရက်မှာတင်သူ့ကိုအ​ကြောက်အလန့်မရှိ ပြန်ဆဲသည့် မာနခဲ​လေးကိုအလွန်ပင်စိတ်ဝင်စားသွား၏။

စာသင်ခန်းထဲရှိ ​ကျောင်းသားများကလည်း
ကျန်းဝိန်ကိုပထမ​နေ့မှာတင် ပြန်ဆဲလိုက်သည့်
ရှောင်းကျန့်ကိုကွက်ကြည့် ကွက်ကြည့်ဖြင့်။


ဝမ်ရိ​ပေါ်က​တော့ ပြဲ​နေတဲ့​ဘောင်းဘီကိုစာ​ရေးစားပွဲ​ပေါ်မှာတင်ပြီး​ဘောက်ဆာနဲ့ပင် ​နောက်ဆုံးတန်းတွင်စာထိုင်ဖတ်​နေသည်။အတန်းထဲရှိ လူများကလည်း
ရိ​ပေါ်ဒီလိုထိုင်​နေတာကို အထူးအဆန်းအရာလိုကြည့်မ​နေကြ  ရှိတယ်လို့​တောင်မထင်။စားပွဲ​ပေါ်ထိုင်၍စကား​ပြောသူက​ပြော၊ပတ်​ပြေးသူကပတ်​ပြေးနှင့်။ ​​​ရိ​ပေါ်ရဲ့ထိုင်ခုန်​ဘေးမှာ​တော့ ကိုရီးယားတရုတ်ကပြား ချို​ဆောင်းယွန်းက စားပွဲ​ပေါ်တွင် ​ပါးစပ်​ဟောင်း​​လောင်းဖြင့်​မှောက်အိပ်​နေသည်။

"​​ကျောင်းသားသစ်​ရှောင်းကျန့်က ​ကျန်းဝိန်ဟာ
မ​သေချင်ရင် သူနဲ့​ဝေး​ဝေး​နေ"

ကျင်းဝိန်တို့အုပ်စုက သူတို့အခန်း​ရှေ့က​နေဖြတ်သွားရင်း ကျင်းဝိန်အဖွဲ့ထဲကပိန်​သေး​သေး​ကောင်က
အော်လိုက်တာ​ကြောင့် ဝမ်ရိ​ပေါ်ကစာအုပ်ကိုကြည့်​နေရာမှသူတို့အဖွဲ့ကို​မော့ကြည့်လိုက်​တော့

သူ့ကိုလည်ပင်းကိုလက်နဲ့ဖြတ်သည့်ပုံစံလုပ်ပြကာ
ကျင်းဝိန်ကလည်း ​"​သေမယ်"ဟု၍သူ့ကိုကြည့်ကာ​ပြောသွားတယ်။ဒီအရူး​ကောင်က​တော့။

"ဟင်..ဟင်..ဟမ်ဘာဖြစ်တာလဲ..."

ကျန်းဝိန်တို့အုပ်စုရဲ့အသံ​ကြောင့်
ဆောင်းယွန်းကလန့်နိုးပြီး ဂ​ယောင်​ခြောက်ခြားနဲ့သူ့ကို​မေးလာ​တော့

𝑭𝒊𝒓𝒔𝒕 𝑳𝒐𝒗𝒆 𝑾𝒊𝒍𝒍 𝑵𝒆𝒗𝒆𝒓 𝑫𝒊𝒆Where stories live. Discover now