unicode
ဝါးတောထဲမှာလေရူးကတစ်သုန်သုန်။
Jiang baiတစ်ယောက်အစ်ကိုတော်ကိုလွမ်းသလိုလိုဆွေးသလိုလို။တစ်ပတ်ပြည့်ဖို့နှစ်ရက်တောင်လိုသေးသည်။Jiang baiတစ်ယောက်သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး......"အစ်ကိုတော်ရယ်လွမ်းလိုက်တာ"
ဟုစိတ်ထဲကပြောလိုက်တော့သည်။အစ်ကိုတော်ရဲ့ဆွေတော်မျိုးတော်ကရောသူ့ကိုလက်ခံနိုင်ပါ့မလား။
စဉ်းစားရင်းခေါင်းခြောက်လာတော့....
အစ်ကိုတော်နဲ့အတူတူသွားခဲ့တဲ့ရေကန်ကြီးဆီသွားမိသည်။
သူ့လှေလေးကိုထုတ်ပြီးကြာဖူးလေးတွေသွားခူးနေတော့သည်။ဆောင်းရာသီကအေးသလိုလိုပင်။
နန်းတော်သွားရင်အစ်ကိုတော်အတွက်လက်ဆောင်ယူရအုန်းမည်။
ဒါကြောင့်ကြာဖူးလေးတွေကိုခူးနေတော့သည်။
ကြာဖူးလေးတွေခူးရင်းတွေးမိတာက......အစ်ကိုတော်ကJiang baiကိုကြာဖူးနဲ့တူတယ်ပြောတယ်။အစ်ကိုတော်လိမ်များပြောတာလား။
တော်တော်စကားတတ်၏။
ထိုအတွေးကိုစဉ်းစားမိရင်းပြုံးနေရင်း.....နေလည်စောင်းရောက်တော့Jiang baiတစ်ယောက်မျစ်နဲ့မှိုကိုတောထဲကရှာတွေ့ခဲ့သည်။
မှိုကစားလို့ရမရကလည်းကြည့်ရသေးသည်။
သေချာကြည့်တော့တောင်ပို့မှိုပင်။
သူတွေးမိလိုက်တာက
စားလို့တော့ရသည်။
ထို့နောက်အိုးတည်ပြီး.....
တောင်ပို့မှိုကိုချက်စားသည်။မျစ်ကိုတော့အရည်သောက်လုပ်စားသည်။ပူပူစပ်သပ်လေးစားလိုပ်ရတော့အခိုးပွင့်ပြီးချွေးလေးစို့စို့ပင်။
ထို့နောက်လုပ်စရာရှိတာလုပ်နေတော့သည်။Wang kimဘက်မှာတော့......
"ဟဲ့နန်းဆောင်ကိုကျယ်ကျယ်ဆောက်ပေးဘေးမှာရေကန်ပြာလေးတွေပါပစေ။"
"ဟုတ်ကဲ့ပါအရှင်"
အရှင်wang kimကတော့သူ့မိဖုရားJiang baiလေူအတွက်နန်းဆောင်ကိုတခမ်းတနားဆောက်နေတော့သည်။ဆောင်သူတွေကလည်းဘယ်သူ့အတွက်ဆောက်မှန်းမသိ။
"ရေချိုးကန်ထဲနှင်းဆီအမွေးဆီထည့်သူလာရင်နှင်းဆီပန်းပွင်းလေးတွေထည့်ဝတ်စုံပြင်ဆင်ပေးတဲ့သူခေါ်ပြီးပြီလားငါသူ့ကိုဒီဇိုင်းအပ်ထားတယ်မဂ်လာဆောင်ဝတ်စုံတူ"
YOU ARE READING
ဘုရင့်အမိန့်တော်အတိုင်း S1uni and Zawgyi ongoing
Fantasyအချစ်ဆိုတာသစ္စာဖောက်သူတွေနဲ့နေရာမရှိဘူး....... ငါလိုအရှင်ရင်ထဲမှာလည်းအသင်မရှိဘူး..... အရှင်ကသိပ်အတ္တကြီးတယ်။ ဒါပေမယ့်အရှင်ကကြင်နာတတ်တယ်။ အရှင်ကိုကျွန်တော်မျိုးချစ်တယ်။ အရှင်ရဲ့အမိန့်တော်အတိုင်းနာခံလျက်ပါ