Chapter 1

2.2K 90 0
                                    

[Unicode]

မနက်အစောပိုင်းတွင် မိုးသည် သည်းသည်းမည်းမည်းရွာချခဲ့သော်လည်း မိုးတိတ်ပြီးနောက် နေက ဖြည်းဖြည်းချင်း ထွက်လာသည်နှင့်အမျှ ပို၍ ပူအိုက်လာသည်။ နေ့လည်မွန်းတည့်ချိန်တွင်မူ ချွေးဒီးဒီးကျအောင်ပင် ပူအိုက်နေပြီ ဖြစ်သည်။

ရာသီဥတုက အရမ်းပူအိုက်နေသည်ကို စိတ်ထဲ သိပ်မရှိသော်လည်း ထိုအချိန်မှာမှ သူငယ်ချင်းဖြစ်သူ၏ မွေးနေ့မို့ သူဒကာခံမည်ဆိုသော စကားကို ယုံ၍ အပြင်ထွက်ခဲ့မိသောကြောင့် Grace တစ်ယောက် ကိုယ့်ကိုယ်ကို ထောင်းထုချင်စိတ်တွေ အလွန်ပေါက်နေမိသည်။

သူချိန်းသည့် ဆိုင်ကို ရောက်နေသည်မှာ နာရီဝက်နီးပါးမျှ ရှိသွားပြီ ဖြစ်သော်လည်း ကျွေးမည့် မွေးနေ့ရှင်ကိုလည်း မတွေ့ရ။ တခြားသူတွေကိုလည်း မတွေ့ရပါချေ။ ဖုန်းခေါ်သည်ကိုလည်း တစ်ယောက်မျှ မကိုင်။ ဂျင်းကျွေးသွားပြီဟုသာ စိတ်ထဲမှာ တွေးရင်း ဆိုင်ထဲကနေ ထွက်လာခဲ့သည်။ ရောက်ရောက်ချင်း ပူကလည်း ပူ၊ ရေကလည်း အလွန်ဆာလာ၍ coffee တစ်ခွက်ဝယ်သောက်ခဲ့သည့် ကိုယ့်ကိုယ်ကို ချီးကျူးချင်သွားသည်။ ဘာကိုမျှ မမှာ၊ မသောက်ပဲနှင့် ဆိုင်ထဲမှာ နာရီဝက်နီးပါး သွားထိုင်ပြီး ဒီတိုင်းပြန်ထွက်လာခဲ့ပါက ဆိုင်ဝန်ထမ်းတွေ၏ မကြည်ကြည့်ကို ခံလိုက်ရနိုင်သည်။ စိတ်ထဲတွင် ကိုယ့်ကို ဂျင်းကျွေးသွားသော သူငယ်ချင်းအုပ်စု၏ အိမ်တွေအထိကိုပင် ကိုယ်တိုင်ကိုယ်ကျသွားပြီး အော်ဆဲမည်ဟု တေးထားလိုက်သည်။

အရင်ဆုံးလုပ်ရမည့်အရာမှာ အိမ်ကို မြန်မြန်ပြန်ပြီး နေ့လည်စာစားရမည်။ ထို့ကြောင့် ဆိုင်မှ ထွက်လာရင်းနှင့် သူငယ်ချင်းကို နောက်ဆုံးတစ်ခေါက် ဖုန်းခေါ်ဖို့အတွက် စဥ်းစားလိုက်သည်။ ထိုအခါမှ မကိုင်လျှင်တော့ လက်ဆောင်အစား Grace ၏ အဆူအဆဲလေးတွေကိုသာ မွေးနေ့လက်ဆောင်အဖြစ် ရသွားမှာဖြစ်သည်။ထို့ကြောင့် ဆိုင်ကယ်နားကို ရောက်သည်နှင့် နောက်ဆုံး လုံးဝ နောက်ဆုံးတစ်ခေါက် ခေါ်လိုက်သည်။ ဖုန်းက ဒီတစ်ခါကိုင်လိုက်ပြီ ဖြစ်သည်။ သူ့ဘက်က အပြစ်ကင်းသည့်အသံဖြင့် လူကို လာပြီး "Hello" လုပ်နေ၍ အော်ဆဲတော့မည့်ဆဲဆဲမှာပင် ကလေးငယ်တစ်ယောက်က အရှိန်ဖြင့် လာနေသော ကားကို မမြင်ဘဲ လမ်းမပေါ်ရောက်နေသော သူ့ဘောလုံးလေးကို ပြေးကောက်နေသည်ကို တွေ့သောကြောင့် Grace ဘာမှ မတွေးတော့ဘဲ အမြန်ပြေးကာ ကလေးကို ဘေးဘက်သို့ တွန်းပို့လိုက်ပြီးနောက် "ကျွီ" "ဒုန်း" ဆိုသည့်နှင့်အတူ ခန္ဓာကိုယ်က လေပေါ် မြောက်တက်သွားသလို ခံစားလိုက်ရသည်။

I was transmigrated into Harry Potter's WorldWhere stories live. Discover now