Zawgyi
'ပါးပါး!!!!!!!!'
'ယွဲ့ယွဲ့မိန်းကလေးဖြစ်ပြီး အဲ့လိုအသံမကျယ်ရဘူးလို့ ပါးပါးပြောထားတယ်လေ'
'ပါးပါးက ယွဲ့ယွဲ့တို့ကို တိတိလေးနဲ့ထားသွားပြီး ဘယ်တွေသွားနေတာလဲ ယွဲ့ယွဲ့တို့ကို လာလည်းခေါ်ဝူး'
ရိပေါ်က နှစ်ယောက်တည်းအတူမရှိရတာကြာပြီဖြစ်တာကြောင့် နှစ်ယောက်အတူခရီးထွက်ရအောင်ဆိုပြီး ကလေးတွေကို မလိမ့်တပက်လုပ်ကာ သူ့အဖွားတွေအိမ်ကိုပို့ထားခဲ့ပြီး နောက်နေ့ပြန်လာခေါ်မယ်ဆိုပြီး ထားခဲ့တယ်
ရှောင်ကျန့်ကလည်း ကလေးတွေမပါဘဲသွားတော့ နေ့ချင်းပြန်ခရီးလောက်သာထင်ပြီး လိုက်လာခဲ့တယ်
အရင်ညက ဝမ်သခင်လေးသောင်းကျန်းထားတာကြောင့် ရှောင်ကျန့်ကကားပေါ်မှာ အိပ်ပျော်ပြီးလိုက်ပါလာတယ်
သူအိပ်ရာနိုးလာတာ့ ကားပေါ်မှာမဟုတ်ဘဲ ကုတင်တစ်ခုပေါ်မှာ ဘေးပတ်လည်ကိုကြည့်လိုက်တော့လည်း သူ့အခန်းမဟုတ်
ရိပေါ်ကလည်းမရှိအိမ်လေးတစ်ခုလုံးကို သစ်လုံးလေးတွေနဲ့ဆောက်ထားတယ် အနားမှာလည်း ကျေးငှက်သံပိစိလေးတွေကိုကြားနေရတော့ ရှောင်ကျန့်ကကုတင်ရှေ့ကမှန်တံခါးကို ထွက်ကြည့်လိုက်တော့ ဝရံတာလိုပုံစံလေးကိုမှ စာဖတ်ဖို့အဆင်ပြေအောင် ခုံလေးတွေလည်းရှိနေပြီး ညရှုခင်းအတွက်လည်းလည်းထိုင်ကြည့်ဖို့ tea table လေးတွေချပေးထားတယ်
မြင်လိုက်ရတဲ့နေရာကြောင့် ရှောင်ကျန့်အံ့သြမှင်သက်သွားတယ်
မြက်ခင်းစိမ်းစိမ်းလေးတွေပေါ်မှာ သစ်သားအိမ်လေးတွေက တစ်လုံးစီရှိပြီး တစ်လုံးနဲ့တစ်လုံးကလည်း တစ်ကွက်ကြားစီလေးတွေဆောက်ထားတယ်
တောင်ပေါ်မှာ တချို့တောင်ယာသမားတွေက အသီးခူးနေတာတွေကို လှမ်းမြင်နေရတယ်ရှောင်ကျန့်က အပြင်ကိုကြည့်ပြီးတော့ အိမ်ကိုလှည့်ပတ်ကြည့်လိုက်တယ်
အိပ်ရာကအခန်းရဲ့အလည်လောက်မှာရှိပြီး အဝတ်အစားထည့်စရာဗီရိုလေးလည်းပါတယ်
အိပ်ခန်းကနေထွက်လိုက်ရင် မီးဖိုချောင်နဲ့ရေချိုးခန်းလေးကတွဲရက်ပါပြီး
အိပ်ခန်းနဲ့ထိုအခန်းကဏ္ဍနှစ်ခုနဲ့ကြးမှာတော့ တံခါးမကြီးရှိတယ်
တံခါးမကြီးကနေဆင်းလိုက်ရင် အပြင်မှာစမ်းချောင်းလေးတစ်ခုရှိပြီး ရေလေးတွေကကြည်လင်နေပြီး အောက်ကကျောက်ခဲလေးတွေကိုပင် မြင်နေရတယ်
အိမ်ကထွက်ရင် လှေကားအထစ်နည်းနည်းကိုဆင်းပြီးမှ ထိုစမ်းချောင်းလေးကိုရောက်တယ် အဲ့စမ်ချောင်းလေးပေါ်က တံတာလေးကို ဖျက်လျှောက်ပြီးမှ အပြင်လမ်းကိုရောက်တယ် အပြင်လမ်းကလည်း ကျောက်စရစ်လမ်းလေးဖြစ်ပြီး အခုမှအသစ်ခင်းထားသလို ဖုန်တွေအမှိုက်တွေက အများကြီးတက်မနေ

YOU ARE READING
The Endless Lov for Him[Complete]
RomanceXiao Zhan မင်းကငါ့အတွက်အချစ်ဦးနဲ့ အချစ်ရဆုံးသူပေမဲ့ မင်းအတွက်တော့ အဲ့လိုမဟုပ်ခဲ့ဘူး Wang YiBo မင်းက ငါ့အတွက်အချစ်ဦးမဟုပ်ပေမဲ့ နောက်ဆုံးအချစ်နဲ့ တစ်ဘဝလုံးစာအတွက် အချစ်ရဆုံးသူပါ ~~~~~~~~~~~~~~~~~~~~~~ Xiao Zhan မင်းကငါ့အတွက်အချစ်ဦးနဲ့ အချစ်ရဆုံးသူပေ...