*ချစ်မိတာအပြစ်မှ မဟုတ်တာ*
ဖြောင်း!
စပ်ဖြင်းဖြင်းဖြစ်သွားသည့်ပါးတစ်ဖက်နဲ့အတူလူကခေါင်းပါလည်သွားသည်။ဒီအခြေအနေကိုသူကိုယ်တိုင်ဖန်တီးခဲ့တာမှန်ပေ့မဲ့ သူ့ကိုချစ်တဲ့စိတ်ကြောင့်သာ။
ပါးကလည်းသူ့ကိုစိတ်ပျက်သလိုကြည့်ကာဒေါသထွက်နေဟန်လက်သီးကိုခပ်တင်းတင်းဆုပ်ထားကာ အံကိုကြိတ်ထားသည်။
ချစ်မိမှတော့ပိုင်ဆိုင်ချင်သည့်စိတ်ကိုဘယ်လိုထိန်းထားရမည်လဲ။*ရှောင်ကျန့်...မင်း ၀မ်ရိပေါ်ကိုလက်ထပ်ရမယ်*
အရာအာလုံးသူအစီအစဉ်အတိုင်းသာဖြစ်လာသော်ကြောင့် ရှောင်ကျန့်မှာအောင်နိုင်သူလို။
*ဟင်အင်း...အဲ့.အဲ့လိုမလုပ်ကြပါနဲ့ အင့်! *
မားမားရင်ခွင်ထဲတစ်ရူံ့ရူံ့ငိုနေသည့်ကောင်ငယ်လေးဆီမှငြင်းဆိုသံရိူက်သံတစ်စွန်းနှင့်အတူထွက်ပေါ်လာသည်။ အပိုင်လိုချင်လို့ အပိုင်သိမ်းပါတယ်ဆို ကောင်ငယ်လေးကသူ့ဒေါသကိုမသိတာလဲမဟုတ်။
*၀မ် ရိ ပေါ်*
*ဟင်အင်း!...အန် အန်တီ သား ကိုကို့ကိုကြောက်တယ်..ဟင့်! လက်မထပ်ပါရစေနဲ့*
သူ့ရဲ့ကျောပြင်ကိုပွတ်သပ်ကာ ချော့မြူနေသည့်အန်တီရှောင်ရင်ခွင်ထဲသာတိုး၀င်လို့ ၀မ်ရိပေါ် ကိုကို့ကိုမျက်နှာချင်းမဆိုင်ရဲ။ ရှက်တတ်လွန်းသည့်၀မ်ရိပေါ််ကို ကိုကို့ကအရှက်ရအောင်လုပ်သည်။
*၀မ်၀မ်....မငြင်းပါနဲ့ကွယ် ဖြစ်ပြီးတာကဖြစ်ပြီးပြီ ပြန်ပြင်လို့မှမရတော့တာကွယ်*
အန်တီရှောင်ရဲ့စကားကိုလက်မခံနိုင်စွာ ၀မ်ရိပေါ်ကခေါင်းကိုသွင်သွင်ခါသည်။
*မား....အချစ်ကရှက်နေတာ သားပြောလိုက်မယ်နော်...မားမားသာ အချစ်ကိုတောင်းဖို့စီစဉ်ပေး*
ရှောင်ကျန့်ပြောသည့်စကားကမားကထောက်ခံစွာ ကောင်ငယ်လေးကိုရင်ခွင်ထဲကဆွဲဖယ်လို့ပါးနဲ့အတူအပြင်ထွက်သွားသည်။အပြင်မထွက်ခင် ပါးကမာန်နေသေးသည်။ မားအတင်းဆွဲခေါ်မှသာ မာန်နေရင်းပါသွားသည်။