##Unicode
" မောင်လေးရေ.. မမ ဧည့်သည်ရောက်လာလို့
သောက်စရာလေး တစ်ချက်လောက်ပြင်ပေးမလား.."ဧည့်ခန်းထဲတွင် ဖုန်းသုံးနေတုန်း...
ဘေးတွင် အသိဧည့်သည်ဆိုသော
အမည်မသိ ယောက်ျားသားတစ်ဦးနှင့် အတူ ဧည့်ခန်းအတွင်းရောက်ချလာသော အမဖြစ်သူ နန်းကလျာကြောင့်..သမိုင်းသစ်တစ်ယောက် လက်ထဲရှိ ဖုန်းလေးအား အနီးရှိ စားပွဲလေးပေါ် တင်လိုက်ကာ..
ဧည့်သည်သောက်သုံးနိုင်ရန် သောက်စရာ ပြင်ဆင်ဖို့ မီးဖိုခန်းဆီသို့သာ ဝင်လာခဲ့လိုက်သည်..။
ကျွန်တော် ဆိုသူ သမိုင်းသစ်ဟာ...
မမနန်းကလျာနှင့် အသက်သုံးနှစ်မျှသာ ကွာသော
တစ်ဝမ်းကွဲ မောင် တစ်ယောက်သာ...တစ်ဦးတည်းသော သမီး ဖြစ်သည့်အလျောက်..
နယ်တွင် ရှိသော စီးပွားရေးလုပ်ငန်းရှင် မိဘများ၏ ရင်ကိုခွဲကာ ရန်ကုန်မြို့ကြီးဟူသော မြို့ပြအလယ်..တစ်ယောက်တည်း ရပ်တည်ချင်လှသော
မမနန်းကလျာဟာ သူမ၏ အသက် ၂၂ နှစ်အရွယ်တွင် အိမ်ပေါ်မှဆင်းကာ ရန်ကုန်မြို့ကြီးထက် အဆောင်ငှားနေလေရဲ့...ဒါကိုပင် စိတ်မချနိုင်သော
မမ၏ မိဘများက သူမ၏ အသက်၂၃နှစ်ပြည့်မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော်တို့ နှစ်ဦး ယခုနေထိုင်သည့် ကွန်ဒိုတိုက်ခန်းလေးအား ပေးအပ်ကာ ကျွန်တော့ကိုလဲ သူမနှင့် အဖော်ပြု နေထိုင်ရန်စေလွှတ်ခဲ့လေသည်..။ငယ်စဉ်တည်းက ကားအက်စီ့ဒန့်ဖြင့် မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရသော ကျွန်တော့အဖို့..
မမ၏ ဖခင်ဖြစ်သူ ဦးလေးကသာ..
ကျွေးမွေးစောင့်ရှောက်ခဲ့သည်မှာ..
ယခု အသက်အရွယ်ရောက်သည်အထိပင်..ထို့ကြောင့် ကျေးဇူးရှင်လဲဖြစ်..
တစ်ဦးတည်းသော ဆွေမျိုးတော်စပ်သူလဲဖြစ်သော
ဦးလေး၏ စကားအား မြေဝယ်မကျ နားထောင်တတ်သူပီပီ ယခုလဲ ဦးလေး၏ အမိန့်ဟု မဆိုသာသော
တောင်းဆိုချက်အား လိုက်လျောမိလေသည်..။ရန်ကုန်တွင် အဝေးသင်ကျောင်းဆက်တက်ကာ....
အပြင်အလုပ်ဆက်လုပ်ချင်သော ကျွန်တော့ တောင်းဆိုချက်အား ဦးလေးဖြစ်သူက ခွင့်မပြုခဲ့..
YOU ARE READING
တစ်၀မ်းကွဲယောက်ဖ
Romance> ကိုယ်မင်းကိုချစ်တယ်... မင်းအမနဲ့ ကိုယ်က လက်ထပ်ထားတာဆိုပေမယ့် ခုချိန်မှာ ကိုယ့်နှလုံးသား အရှင်သခင်က မင်းဖြစ်နေခဲ့ပြီ > ခင်များ ရှက်တတ်ရင် လဲသေသင့်တယ်.. ခင်များဟာ ခင်များ ချစ်ချင်ချစ် မချစ်ချင်နေ... ကျုပ်ကတော့ ခင်များကို သေလောက်အောင် မုန်းတယ်..