##Unicode
" မမ..နင် ဟိုလူ နက္ခတ်သွေးကို တကယ်ပဲ လက်ထပ်မှာလား..?? "
ဧည့်ခန်းထဲတွင် ဖုန်းထိုင်သုံးနေသည့်..
မမ အနားတွင်သွားထိုင်ကာ
မိမိသိချင်နေသည့် မေးခွန်းအားမေးတော့..မမက အထူးအဆန်းလို မိမိအားကြည့်လာပြီးမှ..
" မောင်လေး..!
နင် ဆေးမှားသောက်လာတာလား..ထူးထူးဆန်းဆန်း ငါ့ကိစ္စတွေကို စိတ်ဝင်စားနေပါလား.."
" ဟာ.. ကိုယ့်အမတစ်ယောက်လုံးရဲ့ ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်နေတာကို ကျွန်တော်က စိတ်မဝင်စားဘဲနေစရာလား.."
" မေးတာ ဖြေစမ်းပါ မမရာ..
တကယ်ပဲ အဲ့လူကို လက်ထပ်မှာလားလို့.."မိမိအမေးအား မဖြေဘဲ စကားပလ္လင်ခံနေသော
မမအား စိတ်မရှည်တော့တာမို့..
အော်လိုက်ကာမှ.." အင်း...
မောင့်ကို မမ တကယ်လက်ထပ်မှာ..မေမေတို့ကိုလဲ အကုန်အသိပေးပြီးသား..
မေမေတို့ကလဲ သဘောတူတာမို့..
မကြာခင် အချိန်အတွင်းပဲ လက်ထပ်ဖြစ်ဖို့များတယ်"" ဘယ်လို..!
နင်တို့ ချစ်သူ ဖြစ်တာ ဘယ်လောက်ကြာသေးလို့
ခုလို ချက်ချင်းလက်ထပ်ဖို့ လုပ်ရတာလဲမမရာ...အရင်က နင် မဟုတ်တဲ့အတိုင်းပဲ..
ရည်းစားထည်လဲ တွဲခဲ့တယ့်သူက
ခု ဒီလူကျမှ တွဲတာတောင် ဘယ်လောက်မှ ကြာသေးတာလဲ မဟုတ်ဘဲ ချက်ချင်းလက်ထပ်မှာလဲ.."" လူကြီးတွေ ကိုယ်တိုင်စီစဉ်ပေးတာ..
မောင့်မိဘတွေနဲ့ မေမေတို့နဲ့က စီးပွားဖက်တွေ..မိဘတွေက စီးပွားရေးအတွက်
မမတို့ကို လက်ထပ်ပေးတာ..မောင်ကလဲ မိမိုက်နေတော့..
မမလဲ လက်ခံလိုက်တာ..ဒါပဲ..!
အရမ်းတွေ ထူးဆန်းပြမနေပါနဲ့ဟာ
ဖုန်းအေးဆေးသုံးပါရစေ.."သမိုင်း ရုပ်ရှင်ကားတွင်သာ မြင်ဖူးသော
စီးပွားရေးအရ သားသမီးချင်း လက်ထပ်ပေးသည့်စရိုက်ကြီးက ယခု မိမိ အမဆီတွင် ဖြစ်ပေါ်နေလေပါသလား..။ဒီအကြောင်းတွေကို
မိမိအား မပြောဘဲ လျှိုထားသည့် မမအားစိတ်ဆိုးချင်ပေမယ့်....
YOU ARE READING
တစ်၀မ်းကွဲယောက်ဖ
Romance> ကိုယ်မင်းကိုချစ်တယ်... မင်းအမနဲ့ ကိုယ်က လက်ထပ်ထားတာဆိုပေမယ့် ခုချိန်မှာ ကိုယ့်နှလုံးသား အရှင်သခင်က မင်းဖြစ်နေခဲ့ပြီ > ခင်များ ရှက်တတ်ရင် လဲသေသင့်တယ်.. ခင်များဟာ ခင်များ ချစ်ချင်ချစ် မချစ်ချင်နေ... ကျုပ်ကတော့ ခင်များကို သေလောက်အောင် မုန်းတယ်..