နောင် ၅နှစ်ကြာသည်ရှိသော်~
“Jungkook ငါကြောက်တယ်”
“Hyung ဘာမှမကြောက်နဲ့နော်။ ဘာတွေပဲဖြစ်လာဖြစ်လာ မောင်တို့အတူတူ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းကြမယ်နော်။ မောင် တယောက် လုံး hyungဘေးမှာရှိတယ်”
“ဒါပေမယ့်ငါတို့ကို စိတ်ပျက်သွားရင်ဘယ်လိုလုပ်မလဲ မုန်းသွားရင်ရော”
“မောင်တို့ကိုလက်ခံပေးတဲ့လူတွေလည်းရှိသလို၊ လက်မခံတဲ့လူတွေလည်းရှိမှာပဲhyungရာ။ ဒါတွေကိုမောင်တို့အတူဖြတ်ကျော်မှ နောက်ကျအတူနေလို့ရမှာပေါ့။ မောင်လည်းhyungဘေးမှာရှိနေမှာပါ။ စိတ်အေးအေးထားနော်hyung။ စိတ်ကိုလျော့ထား ဘာမှစိတ်မပူနဲ့ မောင့်Jeon Jimin လေး...”
“ဘာ Jeon Jiminလဲ။ မင်းနော်...”
သူ့ကိုJeon Jiminလို့ ခေါ်လို့မျက်စောင်းထိုးတာတဲ့ ချစ်ဖို့ကောင်းလိုက်တာ Hyungရာ....
“ဟုတ်တယ်လေ။ နောက်ကျရင် Jeon Jungkook အမျိုးသား Jeon Jiminလေးဖြစ်လာမှာကို hyungပိစိကလည်း...”“Jeon Jungkook!!!”
ဟော...သူ့ကိုhyungပိစိလို့ခေါ်ရင်လည်းမကြိုက် နှုတ်ခမ်းကြီးဆူပြီး စိတ်ဆိုးတာတဲ့။ ဒီနေ့ပွဲသာမရှိရင် ကျွန်တော် အသဲယားလွန်းလို့ဖက်နမ်းပြစ်လိုက်ပြီ။ ဒီလူသားက အမြဲချစ်စရာကောင်းနေတော့တာပဲ။ သူလေးကြောက်နေလို့ ပျော်အောင် စပေးတာ စိတ်သက်သာရာရသွားလို့တော်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းစိတ်လှုပ်ရှားနေပေမယ့် သူလေးစိတ်ပျော်ရွှင်ဖို့က အရေးကြီးတာမို့။
~~~~~~~
*ကျွန်တော်သိတာပေါ့။ ကျွန်တော်ကြောက်မှာစိုးလို့အားပေးစကားပြောနေပေမယ့် Jungkook ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေတယ်ဆိုတာ။ မောင်ဆိုတာအဲ့လိုလူမျိုးလေ။ အရာအားလုံးထပ်၊ သူ့ကိုယ်သူထပ်တောင် ကျွန်တော့ကိုပဲအမြဲဦးစားပေးတတ်တဲ့ ကျွန်တော့်ရဲ့ချစ်ရသူ....*
ဆယ်နှစ်ကျော်အတူနေလာတဲ့သူတွေအတွက် တယောက်မျက်နှာတယောက်ကြည့်ရုံနဲ့ ဘာဖြစ်နေလဲဆိုတာတန်းသိနိုင်တာမို့လို့ အခုကျွန်တော်လည်းစိတ်လှုပ်ရှားနေတယ်ဆိုတာသိလို့ “Hyungရဲ့ကလေးလေးလည်း စိတ်မပူနဲ့နော်”ဆိုပြီး ကျွန်တော့ကိုဖက်ထားပေးနေလေရဲ့။ ဒီလိုအလိုက်သိမှုတွေကြောင့် ကျွန်တော်သဲသဲလှုပ်ချစ်နေရတာပေါ့ဗျာ။ ဒီလူသားလေးက ကျွန်တော့်ရဲ့လောကကြီး....
YOU ARE READING
Dating Comfirm
Short Storyအရင်ချစ်ရတဲ့hyungအချစ်ကို မမှီရင်တောင် မောင်ကမလျော့တဲ့ချစ်ခြင်းနဲ့ချစ်တာမို့လို့ မောင့်ကိုယုံကြည်ပေးပါ။ ချစ်တယ် မောင့်သဲငယ်...